ဗိုလ်ချုပ်ရင်ပြင်တွင် ပြသထားသော အာဇာနည်ပုဂ္ဂိုလ်ကြီးများ၏ ဓာတ်ပုံမှတ်တမ်းများ ရက်တိုး ပြသမည်

မြောင်းမြခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနက ပြသထားသည့် (၇၂)နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား ကျင်းပသော ဗိုလ်ချုပ်ရင်ပြင်၌ ပြည်သူအများ လေ့လာ မှတ်သားနိုင်စေရန် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိနှင့် မှတ်တမ်းဓာတ်ပုံများကို မြို့နေပြည်သူများ စိတ်ဝင်စားစွာ လေ့လာခဲ့ကြပြီး ရက်တိုးမြှင့် ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
 
"ပြည်သူတွေက မနက်ပိုင်း၊ နေ့လယ်ပိုင်းတွေမှာ မအားကြဘူး၊ ညနေခင်းအချိန်မှာ မိသားစုအလိုက် ကျောင်းသား/ကျောင်းသူတွေ၊ ရပ်ကွက်ပြည်သူတွေ ပန်းခြံမှာအနားယူရင်း လာပြီးလေ့လာကြတာ များတယ်။ ဒါကြောင့် သက်ဆိုင်ရာကို ရက်တိုးပြဖို့ တင်ပြထားပါတယ်" ဟု မြို့မိမြို့ဖတစ်ဦးကပြောကြားသည်။
 
"သမီးတို့က ညနေခင်း ရာသီဥတုသာယာလို့ မိဘတွေနဲ့ လာလေ့လာတာပါ။ ဘုရားချောင်း မူလွန်ကျောင်းကပါ။ အခုလို အာဇာနည်ကြီးတွေရဲ့ အကြောင်းကို ဓာတ်ပုံတွေနဲ့ပါ မှတ်သားခွင့်၊ သိခွင့်ရတဲ့အတွက် ဗိုလ်ချုပ်နဲ့တကွ အာဇာနည်ကြီးတွေကို ပိုပြီးကြည်ညို လေးစားမိပါတယ်ရှင့်"ဟု စတုတ္ထတန်းကျောင်းသူ မအင်ကြင်းမေ က ပြောကြားသည်။
 
(၇၂)နှစ်မြောက် အာဇာနည်နေ့အခမ်းအနား ကျင်းပရာ မြကန်သာပန်းခြံ ဗိုလ်ချုပ်အောင်ဆန်း ရုပ်တု ရင်ပြင်၌ ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္ထုပ္ပတ္တိနှင့် မှတ်တမ်းဓာတ်ပုံများ၊ ဗိုလ်ချုပ်အောင်ဆန်း ကျောင်းသားဘဝ၊ ဂျပန်တော်လှန်ရေးကာလဘဝ၊ ဖဆပလခေတ် လွတ်လပ်ရေးကြိုးပမ်းမှု အပါအဝင် အမျိုးသားနိုင်ငံရေးလှုပ်ရှားမှုများ၊ ဗိုလ်ချုပ်၏ အဆိုအမိန့်များ၊ မိသားစုဘဝမှတ်တမ်းပုံရိပ်များ အပါအဝင် စုံလင်စွာ ပြသထားပြီး ဗိုလ်ချုပ်သို့ ရင်တွင်းစကားမှတ်တမ်းတွင် ပါဝင်ရေးသားခြင်း အစီအစဉ်များကို ဆောင်ရွက်ထားရှိကာ အများပြည်သူ ပိုမိုလေ့လာ သိရှိခွင့်ရှိနိုင်ရန် ရက်တိုး၍ ဆက်လက်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။
 
Credit - MOI
The Ladies News

 

Vote: 
No votes yet

Add new comment