ရွှေပြည်သာမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့)မှ တားဆီးနှိမ်နင်းရေးလုပ်ငန်းများဆောင်ရွက်စဉ် ရွှေပြည်သာမြို့နယ်တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
 
ဖြစ်စဉ်မှာ ဇူလိုင်လ ၂၁ ရက်နေ့ ၁၄၀၀ အချိန်တွင် မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု(၄၁)ရန်ကုန်(အရှေ့) မှ တပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ ရွှေပြည်သာမြို့နယ်၊ အမှတ်(၃) ရပ်ကွက်နေ ဇော်မင်းထိုက် ၃၈ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းအား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်မှ ပလတ်စတစ်ကပ်ခွာအိတ်များဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၁၉၂၉၈ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၅၇၈.၉၄ သိန်း)၊ မြန်မာငွေ ၂၀ သိန်းကျပ်၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုသည့် ဆက်စပ်ပစ္စည်း များနှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့သဖြင့် ရွှေပြည် သာမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုဖွင့်အရေးယူပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
 
Credit - CCDAC
The Ladies News

 

Vote: 
No votes yet

Add new comment