ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်နှင့် လားရှိုးမြို့နယ်တို့တွင် စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

ဇူလိုင်လ ၂၀ ရက်နေ့ ၂၁၃၀ အချိန်တွင် ကွတ်ခိုင်မြို့နယ်၊ မုံးစီးနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါး သတင်းအရ သက်သေများနှင့်အတူ ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စု၊ တရုတ်မန်ပုံကျေးရွာနေ ဒေါ်အားမတ် ၄၆ နှစ်၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းနှင့်အတူ နေအိမ်တွင် မူးယစ်ဆေးဝါး သုံးစွဲရန်ရောက်ရှိနေသူ မုံးစီးကျေးရွာ နေ အောင်ထွန်းကျော် ၁၉ နှစ်တို့အားတွေ့ရှိပြီး နေအိမ်အိပ်ခန်းအတွင်းရှိ သံသေတ္တာအတွင်းမှ ရောင်စုံဆပ်ပြာခွက် များဖြင့်ထည့်ထားသည့် ဘိန်းဖြူအလေးချိန် ၄၃၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုးငွေကျပ် ၈၆ သိန်း)နှင့် ပလတ်စတစ်ကပ်ခွာအိတ်များဖြင့် ထည့်ထားသည့် စိတ်ကြွရူးသွပ် ဆေးပြား ၆၀၀၀ ပြား(ဒေသကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၉၀ သိန်း) တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
 
အလားတူ ဇူလိုင်လ ၂၁ ရက်နေ့ ၁၂၄၀ အချိန်တွင် လားရှိုးမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် မူးယစ်ဆေးဝါးသတင်း အရ သက်သေများနှင့်အတူ လားရှိုးမြို့နယ်၊ ကောင်းကြဲ(အီ)ကျေးရွာအုပ်စု၊ ခိုချန်ကျေးရွာနေ လနန်း ၃၅ နှစ်နှင့် မအေးပီး ၃၅ နှစ်တို့၏ နေအိမ်အား ဝင်ရောက်ရှာဖွေရာ ၎င်းတို့အား နေအိမ်တွင်တွေ့ရှိပြီး နေအိမ်ဧည့်ခန်းရှိ ဗီဒို အတွင်းမှ ပလတ်စတစ်ကပ်ခွာအိတ်များ၊ ကော်ဘူးတို့ဖြင့်ထည့်ထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၄၁၈၁ ပြား(ဒေသ ကာလပေါက်ဈေး တန်ဖိုးငွေကျပ် ၈၃.၆၂ သိန်း)နှင့် မြန်မာငွေ ၁၀ သိန်းကျပ်တို့အား တွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။
 
အဆိုပါဖမ်းဆီးရမိခဲ့သည့် မူးယစ်ဆေးဝါးများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေဖြင့် အမှုများရေးဖွင့်ပြီး ကွင်းဆက်များ ဖော်ထုတ်စစ်ဆေးလျက် ရှိကြောင်း သတင်းရရှိသည်။
 
Credit - CCDAC
The Ladies News

 

Vote: 
No votes yet

Add new comment