မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာများ၊ ဆက်စပ်ရော်ဘာ ခြံများနှင့် ရွှေစက်ရပ်ကွက်တို့အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိ

မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာများ၊ ဆက်စပ်ရော်ဘာ ခြံများနှင့် ရွှေစက်ရပ်ကွက်တို့အတွင်းမှ တရားမဝင်သစ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာ့သစ်တောဦးစီးဌာနထံက သိရသည်။
 
လူထုအခြေပြု စောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ်(CMRS) ဖြင့် သတင်းပေးပို့ချက်အရ သစ်တောဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဦးဆောင်သော ကချင်ပြည်နယ် သစ်တောဦးစီးဌာနမှ ညွှန်ကြားရေးမှူးနှင့် သစ်တောဝန်ထမ်းများ ပါဝင်သည့်အဖွဲ့သည် ၆-၄-၂၀၁၉ ရက်မှ ၇-၄-၂၀၁၉ ရက်အထိ မြစ်ကြီးနားမြို့နယ်၊ ပလနကျေးရွာများ၊ ဆက်စပ်ရော်ဘာ ခြံများနှင့် ရွှေစက်ရပ်ကွက်တို့အတွင်း တရားမဝင်သစ်ရှာဖွေဖော်ထုတ် ဖမ်းဆီးရေးကို ဆောင်ရွက်ခဲ့ရာ တရားမဝင် ကညင်၊ ကြေးလံ၊ ကံ့ကော်ဖို၊ ခလောင်၊ မအူ အစရှိသည့် သစ်လုံး/သစ်ခွဲသားစုစုပေါင်း ၂၉၆.၇၄၄၄ တန်ခန့်ကို သစ်တင်ယာဉ် (၂)စီးနှင့်အတူ ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်သည်။
 
တရားမဝင်သစ်နှင့် ဆက်စပ်ပါဝင်သူများကို စုံစမ်းစစ်ဆေး ဖော်ထုတ်၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်းလည်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment