လှိုင်သာယာမြို့နယ်အတွင်း ဆိုင်ကယ်ဖြင့် ဆွဲကြိုး လုယက် ထွက်ပြေးသူအား ဖမ်းဆီးရမိ

လှိုင်သာယာမြို့နယ်အတွင်း ရွှေဆွဲကြိုး လုယက်ထွက်ပြေးသူအား ဖမ်းဆီးရမိခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။
 
ဖြစ်စဉ်မှာ ကြိုတင်သတင်းရရှိထားမှုဖြင့် အောင်ကျော်နိုင်အား ၅.၄.၂၀၁၉ ရက်နေ့ ၁၅၃၀ အချိန် လှိုင်သာယာ မြို့နယ်၊ (၇)ရပ်ကွက်၊ မီးခွက်ဈေးလမ်းမကြီး ပေါ်၌ ရွှေရည် (၁၄)ပဲ၊ အလေးချိန်(၁)ပဲ၊ (၇)ရွေးခန့်ရှိ ရွှေဆွဲကြိုး အပိုင်း အပြတ်(၁)ကုံးကို ရောင်းချနေစဉ် ဖမ်းဆီးရမိ ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
ဖမ်းဆီးမိသူ အောင်ကျော်နိုင်အား စစ်ဆေးခဲ့ရာ ၎င်းသည် ၅.၄.၂၀၁၉ ရက်နေ့ ၁၂၃၀ အချိန်၌ ဆိုင်ကယ်စီးနင်း လာစဉ် လှိုင်သာမြို့နယ်၊ (၃)ရပ်ကွက်၊ မဟာဘောဂလမ်းပေါ်၌ ဆိုင်ကယ်စီးနင်း လာသော အမျိုးသမီးနှစ်ဦးအနက် နောက်မှလိုက်ပါစီးနင်းသူ အသက်(၂၀)ခန့်ရှိ အမျိုးသမီး လည်ပင်းမှရွှေဆွဲကြိုးအား လုယူခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
 
ပြစ်မှုကျူးလွန်သူ အောင်ကျော်နိုင် အား ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment