The Mule ၊ Dr.Seuss’s The Grinch ရုပ်ရှင်ဇာတ်ကားတွေကို ကျော်ဖြတ်ပြီး Box Office ရဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့တဲ့ Spider-Man : Into The Spider Verse

မြောက်အမေရိကရှိ Box Office သည် ပြီးခဲ့သည့် ရက်သတ္တပတ်က ရုံတင်ဝင်ငွေ အများဆုံးရရှိသည့် ဇာတ်ကားစာရင်းများကို မနေ့က ထုတ်ပြန်ကြေညာထားခဲ့ပြီး Spider-Man ဇာတ်ကောင်ကို အကောင်းဆုံး ပုံဖော်နိုင်သည့် ဇာတ်ကားတစ်ကားဟု ပရိသတ်များ ညွှန်းဆိုနေကြသည့် Spider-Man : Into The Spider Verse ဇာတ်ကားသည် ရုံတင်ဝင်ငွေ ကန်ဒေါ်လာ ၃၅ သန်းကျော်ဖြင့် ထိပ်ဆုံးမှ ဦးဆောင်နိုင်ခဲ့သည်။ အဆိုပါ ဇာတ်ကားသည် Rotten Tomatoes တွင်လည်း Rating 97% အထိရရှိထားပြီး IMDB တွင်လည်း 8.8/10 ရရှိထားသည့် ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်သည်။
 
အဆိုပါဇာတ်ကားနောက် ဒုတိယနေရာတွင် The Mule မှုခင်းရုပ်ရှင်ဇာတ်ကားသည် ရုံတင်ဝင်ငွေ ကန်ဒေါ်လာ ၁၇ သန်းကျော်ဖြင့် ရပ်တည်နေနိုင်ခဲ့သည်။ အဆိုပါ ဇာတ်ကားကို ၀ါရင့်မင်းသားကြီး Clint Eastwood ရိုက်ကူး ပုံဖော်ထားပြီး မင်းသားအဖြစ်လည်း ၄င်းကိုယ်တိုင် ပါဝင်သရုပ်ဆောင်ထားသည်။ The Mule ရုပ်ရှင်ဇာတ်ကားသည် Rotten Tomatoes တွင် Rating 62% ရရှိထားပြီး IMDB တွင်လည်း 7.5/10 ရရှိထားသည့် ဇာတ်ကားကောင်း တစ်ကားဖြစ်သည်။
 
ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ပထမ၊ ဒုတိယ အသီးသီး ရပ်တည်နိုင်ခဲ့ကြသည့် Dr Seuss’s The Grinch ဇာတ်ကားနှင့် Ralph Breaks The Internet ဇာတ်ကားများသည် ရုံတင်ဝင်ငွေ ကန်ဒေါ်လာ ၁၁ သန်းကျော်၊ ၉ သန်းကျော်တို့ဖြင့် တတိယ၊ စတုတ္ထနေရာများတွင်သာ အသီးသီး ရပ်တည်နိုင်ခဲ့ကြသည်။ Dr. Seuss’ The Grinch ဇာတ်ကားသည်လည်း အမေရိကန် 3D Animation ခရစ္စမတ် ဇာတ်ကားကောင်း တစ်ကားဖြစ်ပြီး ၁၉၅၇ ခုနှစ်က Dr.Seuss ၏ စာအုပ် How the Grinch Stole Christmas ကို ပြန်လည်ပုံဖော်ထားသည့် ဇာတ်ကားကောင်း တစ်ကားဖြစ်သည်။
 
Ralph Breaks The Internet ဇာတ်ကားသည်လည်း ဒါရိုက်တာ ရစ်ခ်ျမော်ရေးနှင့် ဖီးလ်ဂျွန်ဆင် တို့ ရိုက်ကူးပုံဖော်ထားသည့် ၂၀၁၈ ခုနှစ် အမေရိကန် 3D (Animation) ဇာတ်ကားတစ်ကားဖြစ်ပြီး ဟာသနှင့် နည်းပညာကို ပေါင်းစပ်ပုံဖော်ထားသည့် ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်သည်။
 
Source: box office mojo
The Ladies News
 

 

Vote: 
No votes yet

Add new comment