ဖိလစ်ပိုင်အလှမယ် Catriona Grey ၊ Miss Universe 2018 သရဖူရရှိ

ဖိလစ်ပိုင်အလှမယ် Catriona Grey က Miss Universe 2018 ရရှိသွားခဲ့ကြောင်း သိရသည်။
 
အလှမယ် Catriona Grey သည် နိုင်ငံပေါင်း ၉၃ နိုင်ငံ အလှမယ်တို့ကို ကျော်ဖြတ်ကာ ယခုကဲ့သို့ Miss Universe 2018 ကို ရရှိသွားခဲ့ခြင်း ဖြစ်သည်။
 
ဖိလစ်ပိုင်အလှမယ် Catriona Grey အနေဖြင့် Miss Universe 2018 ရရှိချိန်တွင် အသက် ၂၄ နှစ်အရွယ်သာရှိသေးကြောင်း သိရသည်။ First Runner-up ကို တောင်အာဖရိက အလှမယ်က ရရှိခဲ့ခြင်းဖြစ်သည်။
 
Catriona Grey ကို ၁၉၉၄ ခုနှစ်၊ ဇန်န၀ါရီလ ၆ ရက်နေ့က မွေးဖွားခဲ့ကာ အသက် ၂၄ နှစ်ရှိပြီဖြစ်သည်။ သူမအနေဖြင့် သီချင်းရေးခြင်း၊ သီချင်းဆိုခြင်းနှင့် ပန်းချီဆွဲခြင်းတို့ကို ၀ါသနာပါသူတစ်ဦးဖြစ်ကြောင်း သိရသည်။
 
Mss Universe 2018 Top 10 သို့
• South Africa
• Vietnam
• Venezuela
• Philippines
• Costa Rica
• Curacao
• Nepal
• Canada
• Thailand
• Puerto Rico
 
တို့ ရောက်ရှိလာခဲ့ကြပြီး Catriona Grey က အခြားနိုင်ငံအလှမယ်များကို ကျော်ဖြတ်ကာ ဆွဲဆောင်မှုအရှိဆုံးဖြင့် Miss Universe 2018 သရဖူကို ရရှိခဲ့ခြင်းဖြစ်သည်။
 
Credit – Miss Universe 2018
The Ladies News
 

 

Vote: 
No votes yet

Add new comment