Murdoch University ၏ MBA သင်တန်းကို KAPLAN Myanmar University College (KMUC) တွင် စတင်ဖွင့်လှစ်တော့မည်

ကမ္ဘာ့ထိပ်တန်း Top 100* စာရင်းဝင် သြစတြေးလျ ထိပ်တန်း တက္ကသိုလ်ကြီးဖြစ်သည့် Murdoch University ၏ MBA သင်တန်းကို KAPLAN Myanmar University College (KMUC) တွင် စတင်ဖွင့်လှစ်တော့မည်ဖြစ်သည်။

အဆိုပါ Murdoch MBA ဆိုင်ရာ ပညာရေးဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၅ ရက် ကြာသပတေးနေ့တွင် ညနေ ၆ နာရီခွဲမှ ၈ နာရီအထိ KMUC တည်ရှိရာ ၆/ အေ၊ ၀ဂ္ဂီရိပ်သာလမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တွင် ပြုလုပ်မည်ဖြစ်ပြီး ၀ါရင့်ကထိကဖြစ်သူ Mr. Krishna Rajulu ကိုယ်တိုင် ဆွေးနွေးဟောပြောပေးမည်ဖြစ်သည်။

“Murdoch MBA : Your right MBA” ပညာရေးဆွေးနွေးပွဲကို တက်ရောက်သည့် ဘွဲ့ရကျောင်းသားကျောင်းသူများအနေဖြင့် ဖေ့ဘုတ်လူမှုကွန်ယက်ပေါ်ရှိ www.facebook.com/events/277693636213979/ တွင် Register ပြုလုပ်နိုင်ပြီး အသေးစိတ်ကို Hot Line: 09 777 63 6000 | 09 777 68 6000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဆွေးနွေးမည့် အကြောင်းအရာများ
...............................

- မြန်မာနိုင်ငံတွင်ပင် MBA တက်မည်ဆိုပါက လေ့လာထားသင့်သည့် တက္ကသိုလ်အဆင့်အတန်းများအကြောင်း
- MBA ဘွဲ့ရွေးချယ်ရာတွင် အရေးပါသည့် အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ အားသာချက်များအကြောင်း
- လုပ်ငန်းခွင် လက်တွေ့အသုံးချ Globally Recognized MBA ဘွဲ့ဒီဂရီဖြစ်ရန် အရေးပါသည့် Accreditation စံနှုန်းများအကြောင်း
- သြစတြေးလျ Murdoch University က MBA ဘွဲ့ရထားသူများ၏ အားသာချက်များအကြောင်း
- Murdoch University ၏ MBA ၀င်ခွင့်အတွက် ပညာအရည်အချင်း လိုအပ်ချက်၊ ကုန်ကျစရိတ်များအကြောင်းနှင့်
- KMUC တွင် သင်ကြားပို့ချပေးမည့် Murdoch MBA Faculty များ၏ Qualifications များကိုပါ အသေးစိတ် ဆွေးနွေးပေးမည်ဖြစ်သည်။

The Ladies News

Vote: 
No votes yet

Add new comment