နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း) တို့ ၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ညှိထားသည်ဆိုသည့်သတင်း မဟုတ်မှန်ကြောင်း ဒေါက်တာဇော်မြင့်မောင်ပြော

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း) တို့၂ဝ၂ဝ ရွေးကောက်ပွဲအတွက် ညှိထားသည်ဆိုသည့် သံတော်ဆင့် တွင်ပါဝင်ခဲ့သည့် သတင်းမှာ မဟုတ်မှန်ကြောင်း ၊ လူထုကို ယုန်ထင် ကြောင်ထင်ဖြစ်စေကြောင်း ဒေါက်တာ ဇော်မြင့်မောင်က နိုဝင်ဘာ ၁၁ ရက်တွင်မီဒီယာများ သို့ပြောကြားခဲ့သည်။
 
နေပြည်တော်စည်ပင်ဧည့်ရိပ်သာ ၂ အစည်းအဝေးခန်းမ၌ပြု လုပ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ဒုတိယဥက္ကဋ္ဌ(၁) ဒေါက်တာဇော်မြင့်မောင်က မီဒီယာများ သို့ပြောကြားခဲ့ခြင်းဖြစ်သည်။
 
''ကျွန်တော်ပြော တာအဲဒါမဟုတ်ဘူးနော်။ ဒါတွေ ကယုန်ထင် ကြောင်ထင်ဖြစ်အောင် လုပ်တာ လူထုယုန်ထင်ကြောင် ထင်ဖြစ်သွားတာ ၂ဝ၂ဝ ရွေး ကောက်ပွဲမှာ ညှိထားတယ်ဆိုတာ ကျွန်တော်တို့အတွက်တော့ ဒါက Impart ကြီးတယ်နော်။ ဒါမဟုတ် ဘူး။ ဒါပေမဲ့ကျွန်တော်တို့ ဘာမှလုပ် လို့မရဘူးမဟုတ်ဘူးဆိုတော့ ပြော တယ်နော်။ မညှိထားဘူး ဘယ်သူ နဲ့မှ မညှိထားဘူး။ အဲဒါ ကတော့ ခေါင်းစဉ်ကြီးနဲ့ရှေ့မှာ တစ်မျိုး ရေးတယ်။ ရဌပါလဆိုပြီးရေး တယ်။ အလယ်မှာကျတော့ ဘယ်သူက ပြောတာလည်းဆိုတော့ လက်ပံ တန်းကကိုယ်စားလှယ်က ပြောပါ တယ်လို့ပြောတယ်။ မဟုတ်ဘူးဗျ ကျွန်တော်တို့ Proof လုပ်ဖို့ ကောင်းတာပေါ့။ သံတော်ဆင့်က ဟုတ်သလား စီအီးစီကိုမေးလို့ ရတယ်။ အဲဒါမဟုတ်ဘူး။ ကျွန်တော် တို့ဒါက ပြည်သူလူထုက ယုန်ထင် ကြောင်ထင်ဖြစ်သွားနိုင်တယ်လေ ဗျာ။ အဲဒါက အဓိပ္ပာယ်မရှိဘူး'' ဟု ဒေါက်တာဇော်မြင့်မောင်က မီဒီယာများသို့ပြောကြားခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment