You are here
စက်လှေဖြင့်တွဲ၍ သယ်ဆောင်လာသည့် တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိ
Posted: November 12, 2018

စက်လှေဖြင့်တွဲ၍ သယ်ဆောင်လာသည့် တရားမဝင်ကျွန်းသစ်များ ဖမ်းဆီးရမိခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထား သည်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၁၀ ရက်နေ့ နံနက် ၃ နာရီအချိန် မန္တလေးတိုင်း ဒေသကြီး၊ စဥ့်ကိုင် မြို့နယ်၊ မြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ မြို့နယ် သစ်တောဦးစီးဌာနမှ ဝန်ထမ်းများပါဝင်သည့် ပူးပေါင်း အဖွဲ့သည် သတင်းအရ သက်သေများနှင့်အတူ မီးသွေး ဘုတ်ကျေးရွာရေဆိပ်၌ သွားရောက်စောင့်ဆိုင်း နေစဉ် ပလိပ်မြို့၊ ညောင်ပင်သာကျေးရွာနေ ပြည့်ဖြိုးဝင်း(၃၀)နှစ်မောင်းနှင်ပြီး ရွာသစ်ကြီးကျေးရွာနေ ဖိုးကျော်(၃၀)နှစ်နှင့် မင်းသူ(၂၈)နှစ်တို့ လိုက်ပါလာသည့် စက်လှေအား စစ်ဆေးရာ စက်လှေဖြင့် တွဲလာသည့် တရားမဝင်ကျွန်းသစ်လုံး(၇၇) လုံး(၂၀.၁၂၈) တန် အားတွေ့ရှိသိမ်းဆည်း ရမိပြီး စက်လှေပိုင်ရှင်မှာ ကျောက်ဆည်မြို့၊ ကြောင်ရွာနေ ဦးဌေးတင့်ဖြစ်ကြောင်းနှင့် သစ်ပိုင်ရှင် များမှာ မြစ်ငယ်နေ ဦးလှဝင်း၊ ဦးပန်းတိမ် တို့ဖြစ်ကြောင်း သိရှိရ၍ ပြည့်ဖြိုးဝင်း ပါ(၆)ဦးတို့အား စဥ့်ကိုင်မြို့မရဲစခန်းမှ အရေးယူ ထားကြောင်း သိရသည်။
The Ladies News
Vote:
Add new comment