မုန်တိုင်း ဂါဂျာ၏အရှိန်ကြောင့် တိုင်းနှင့်ပြည်နယ်အချို့တွင် မိုးထစ်ချုန်းနိုင်

နိုဝင်ဘာ ၁၂ ရက်၊ မြန်မာစံတော်ချိန် (၀၆:၃၀)နာရီအချိန် တိုင်းထွာ ချက်များအရ ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ"(Gaja)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai)၏ အရှေ့- အရှေ့မြောက်ဘက် မိုင်(၄၂၀)ခန့်နှင့် နာဂါပတ်တီနန်မြို့ (Nagapattinam) ၏ အရှေ့မြောက်ဘက် မိုင်(၄၈၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။
 
ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။
 
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)သည် မြန်မာစံတော်ချိန် (၀၆:၃၀)နာရီ အချိန်တွင် မြောက်လတ္တီကျု(၁၃.၅)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၇.၄)ဒီဂရီတွင် ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်း မှာ တစ်နာရီလျှင် (၄၅)မိုင်မှ မိုင်(၅၀)နှုန်းအထိ ဖြစ်ပါသည်။
 
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)သည် အနောက်ဘက်သို့ ဆက်လက် ရွေ့လျားနိုင်ပြီး၊ နောက်(၂၄)နာရီအတွင်း ပိုမိုအားကောင်း သော ဆိုင်ကလုန်းမုန်တိုင်း "ဂါဂျာ"(Gaja) အဖြစ်သို့ ရောက်ရှိနိုင်ကာ၊ နောက်(၄၈)နာရီအတွင်း အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်း ရပါသည်။
 
အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း"ဂါဂျာ"(Gaja)၏အရှိန်ကြောင့် ယနေ့နံနက်မှ နောက်(၃၆)နာရီအတွင်း နေပြည်တော်၊ စစ်ကိုင်း တိုင်းဒေသကြီးအောက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန် တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ် တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးထစ်ချုန်းရွာနိုင်ပါ သည်။
 
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင်မှ မိုင်(၄၀)အထိ တိုက်ခတ်နိုင် ပါသည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင် တို့တွင် (၈)ပေမှ (၁၀) ပေခန့် ရှိနိုင်ပါသည်။
 
မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် ကြိုတင်သတိပြုနိုင်ပါရန် မိုးဇလက အကြံပြုထားသည်။
 
Credit - မိုးဇလ
The Ladies News

 

Vote: 
No votes yet

Add new comment