ပင်လောင်းမြို့နယ်တွင် ဘိန်းဆီခဲများ ဖမ်းဆီးရမိ

ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ဉာဏ်ပင်ကျေးရွာအနီး၊ ပင်းလောင်း-အောင်ပန်းသွားကားလမ်းမပေါ်တွင် မော်တော် ဆိုင်ကယ် တစ်စီးအား အောက်တိုဘာ ၁၄ ရက်က ရှာဖွေရာ ဘိန်းဆီခဲများဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
မူးယစ်တပ်ဖွဲ့စု(၂၆) ပင်လောင်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့သည် ပင်လောင်းမြို့နယ်၊ နောင်တရားမြို့၊ ဉာဏ်ပင်ကျေးရွာ အနီး၊ ပင်းလောင်း-အောင်ပန်းသွား ကားလမ်းမပေါ်တွင် ဂျေကောရီယို(ခ)မောင်စိုး မောင်းနှင်လာသော မော်တော် ဆိုင်ကယ်ကိုရှာဖွေရာ ထိုင်ခုံဆိုဖာအံဝှက်အတွင်းမှ ဘိန်းဆီခဲ ၃ ဒသမ ၁ ကီလို၊ လက်ကိုင်ဖုန်းတစ်လုံး တို့ကို သိမ်းဆည်း ရမိခဲ့ခြင်းဖြစ်သည်။
 
ယင်းနောက် ကွင်းဆက်အရ သိမ်းဆည်းရမိသော ဘိန်းဆီခဲများကို ဖယ်ခုံမြို့နယ်၊ မိုးဗြဲကျေးရွာအုပ်စု၊ စည်းကား(၁)ရပ်ကွက်နေ ဦးထွန်း၏ နေအိမ်မှဝယ်ယူခဲ့ကြောင်း စစ်ဆေးသိရှိရ၍ ပူးပေါင်းအဖွဲ့သည် ဦးထွန်း၏နေအိမ်ကိုရှာဖွေရာ မူးယစ်ဆေးဝါး တစ်စုံတစ်ရာ မတွေ့ရှိသော်လည်း ၎င်းထံမှ လက်ကိုင်ဖုန်း တစ်လုံးသိမ်းဆည်းရမိခဲ့သဖြင့် ဂျေကောရီယို(ခ)မောင်စိုး(၄၅)နှစ်နှင့် ဦးထွန်း(၆၅)နှစ်တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment