လွိုင်လင်မြို့နယ်တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

လွိုင်လင်မြို့အထွက်၊ လွိုင်လင် - တောင်ကြီးကားလမ်း၊ ဟိုတင့် ကျေးရွာအနီးတွင် အောက်တိုဘာ ၁၃ ရက်က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်း ထုတ်ပြန်သည်။
 
မူးယစ်တပ်ဖွဲ့စု(၂၇)လွိုင်လင်မှ တပ်ဖွဲ့များပါဝင် သော ပူးပေါင်း အဖွဲ့သည် လွိုင်လင်မြို့အထွက်၊ လွိုင်လင် - တောင်ကြီးကားလမ်း၊ ဟိုတင့် ကျေးရွာအနီးတွင် နေဝင်း(ခ)မောင်နီ မောင်းနှင်ပြီး မမူမတ်(ခ)ခင်မမ လိုက်ပါလာသည့် SUPER CUSTOM အမျိုးအစားမော်တော် ယာဉ်ကိုရှာဖွေရာ ယာဉ်၏ဘော်ဒီအောက်နှင့် ရွံ့ကာဗာကြား တွင် ထည့်သွင်းလာသော စိတ်ကြွရူးသွပ် ဆေးပြား ၁၀၀,၀၀၀ ပြား ဘိန်းစိမ်း ၁ ဒသမ ၅ ကီလို ၊ လက်ကိုင်ဖုန်း ၂ လုံးနှင့် မြန်မာငွေကျပ် ၂၁၅,၀၀၀ တို့ကို သိမ်းဆည်းရမိခဲ့သဖြင့် နေဝင်း(ခ) မောင်နီ(၄၈) နှစ် နှင့် မမူမတ် (ခ) ခင်မမ (၄၇) နှစ် တို့အား မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲ စေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment