လှိုင်သာယာမြို့နယ်၌ အမိုးနီးယားဓာတ်ငွေ့များယိုစိမ့်မှုကြောင့် အမျိုးသား ၁၊ အမျိုးသမီး ၅ ဦး ဆေးရုံတက်ကုသ

လှိုင်သာယာမြို့နယ်၌ အမိုးနီးယားဓာတ်ငွေ့များယိုစိမ့်မှုကြောင့် အမျိုးသား ၁၊ အမျိုးသမီး ၅ ဦး အောက်တိုဘာ ၇ ရက်က ဆေးရုံတက်ရောက်ကုသမှုခံယူခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
လှိုင်သာယာမြို့နယ် စက်မှုဇုန် (၂)ရှိ Gallant Ocean ငါး/ပုဇွန် အအေးခန်း စက်ရုံ၌ အမိုးနီးယားသိုလှောင်အိုး၏ ဓာတ်ငွေ့ ပြန်ပိုက်၌ တပ်ဆင် သည့် ဘားချို့ယွင်းမှုကြောင့် ဓာတ်ငွေ့များ စိမ့်ထွက်မှုဖြစ်ပေါ်၍ ၎င်းစက်ရုံအအေးခန်း စက်မောင်း တာဝန်ထမ်းဆောင်နေသော ကိုသားငယ်(ခ) တင်ထွန်းဦး(၂၆)နှစ် ပါ ၆ ဦး (ကျား ၁၊ မ ၅)တို့ အမိုးနီးယားဓာတ်ငွေ့များ ရှူမိသဖြင့် အသက် ရှူကြပ်(မစိုးရိမ်ရ)ရရှိ၍ လှိုင်သာယာပြည်သူ့ ဆေးရုံမှတစ်ဆင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ လွှဲပြောင်း ကုသမှုခံယူလျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 
အဆိုပါဓါတ်ငွေ့ယိုစိမ့်မှုဖြစ်ပေါ်နေမှုအားမြောက်ပိုင်းခရိုင်မီးသတ်ဦးစီးမှူးရုံး တာဝန်ရှိသူ များမှ ဓာတ်ငွေ့ယိုစိမ့်မှုမရှိစေရေး ဆောင်ရွက်ခဲ့ကြောင်းပြည်ထဲရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment