မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီး၊ မြို့ဦး မုခ်ဝအနီးတွင် 88/1စာတမ်းပါ ပန်းရောင်မူးယစ် စိတ်ကြွဆေးပြား (၁၁၉၀၀)ပြား သိမ်းဆည်းရမိ

မူဆယ်မြို့ အ၀င်ပြည်ထောင်စုလမ်းမကြီး၊ မြို့ဦးမြို့ဝအနီးတွင် ယာဉ်ထိန်းရဲတပ်ဖွဲ့စု(၁၂၃) မူဆယ်မှ ဒုရဲမှူး ချစ်စိန်ဦးစီးသော ပူးပေါင်းအဖွဲ့မှ ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဆိုင်ကယ်စီးဦးထုပ် မဆောင်းသူများကို တားဆီးရပ်တန့်ပြီး မြေပြင်တွင် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ အသိပညာပေး ကွင်းဆင်း ဟောပြော ဆောင်ရွက် နေစဉ် 88/1စာတမ်းပါ ပန်းရောင်မူးယစ်စိတ်ကြွ ဆေးပြားများ သိမ်းဆည်းရမိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက် အရ သိရသည်။
 
ဖြစ်စဉ်မှာ ပူးပေါင်းအဖွဲ့သည် မူဆယ်မြို့ ပြည်ထောင်စုလမ်းမကြီးပေါ် မြို့ဝင် မြို့ဦးမုခ်ဝအနီးတွင် ဆိုင်ကယ်စီး ဦးထုပ်မဆောင်းသူများကို တားဆီးရပ်တန့်ပြီး မြေပြင်တွင်စုဝေး၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း များ ကွင်းဆင်း အသိပညာပေး ဟောပြောဆောင်ရွက်မှု အပြီး ဆိုင်ကယ်စီးဦးထုပ်မဆောင်းလာသူများထဲမှ KENBO 125 အနက်ရောင် နံပါတ်ပြားမပါ ဆိုင်ကယ်တွင် သော့တပ်လျက် ကျန်ခဲ့သဖြင့် မသင်္ကာ၍ မူဆယ် ယာဉ်ထိန်း ရဲတပ်ဖွဲ့ စုမှူရုံးသို့ သိမ်းဆည်းထိန်းသိမ်းရန် ပူးပေါင်းအဖွဲ့မှ စစ်ဆေးရာ ယင်းဆိုင်ကယ် တူးပေါက်အတွင်းမှ ကြွပ်ကြွပ်အိတ်အနက်ရောင်နှင့် တိတ်ဖြင့်ပတ်ထားသောအထုပ်(၂)ထုပ် အတွင်းမှ 88/1စာတမ်းပါ ပန်းရောင် စိတ်ကြွမူးယစ်ဆေးပြား (၁၁၉၀၀) ပြား အလေးချိန် စုစုပေါင်း (၁၀၇၀)ဂရမ် ခန့် စစ်ဆေး တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment