၂၀၁၇ ဇွန်လ ၁ ရက်နေ့မှ ၂၀၁၈ စက်တင်ဘာလ ၂၂ ရက်ထိ ခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ် (၅၆၂၁)စီး ဖမ်းဆီးအရေးယူနိုင်ခဲ့

စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီမှ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေးအမြန်လမ်း (၂၀၁)မိုင် နေပြည်တော်တိုးဂိတ်၌ သတ်မှတ် မိုင်နှုန်းထက်ပိုမိုမောင်းနှင်သော မော်တော်ယာဉ်(၂)စီး၊ တံတားဦးမြို့နယ်၊ စကားအင်းတိုးဂိတ်၌ မော်တော်ယာဉ်(၇)စီး၊ မိတ္ထီလာမြို့နယ်၊ သီးကုန်းတိုးဂိတ်၌ မော်တော်ယာဉ်(၅)စီး၊ ဖြူးမြို့နယ်၊ ဖြူးတိုးဂိတ်၌ မော်တော်ယာဉ်(၈)စီး၊ စုစုပေါင်း မော်တော်ယာဉ်(၂၂)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်း တရားရုံးများသို့ တရားစွဲ တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၆ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၁၈ စက်တင်ဘာလာ ၂၂ ရက်ထိ သတ်မှတ်မိုင်နှုန်းထက် ပိုမိုမောင်းနှင်သော ယာဉ်(၃၅၃၄၆)စီး ဖမ်းဆီး အရေးယူခဲ့ပြီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
 
အလားတူ စက်တင်ဘာလ ၂၁ ရက်နေ့ ညနေ ၆ နာရီမှ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန်ထိ ရန်ကုန်-မန္တလေးအမြန်လမ်း တံတားဦးမြို့နယ်၊ စကားအင်းတိုးဂိတ်၌ ခါးပတ် မပတ်ဘဲမောင်းနှင်သော မော်တော်ယာဉ်(၅)စီး ဖမ်းဆီးခဲ့ပြီး ယာဉ်စည်းကမ်းတရားရုံးသို့ တရားစွဲ တင်ပို့သွားမည်ဖြစ်ကြောင်းနှင့် ၂၀၁၇ ဇွန်လ ၁ ရက်နေ့မှ ၂၀၁၈ စက်တင်ဘာလ ၂၂ ရက်ထိ ခါးပတ်မပတ်ဘဲ မောင်းနှင်သောယာဉ် (၅၆၂၁)စီး ဖမ်းဆီးအရေးယူခဲ့ပြီးဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment