ကျွန်းစုမြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင် မိုးကြိုးထိမှန်၍ လူသေဆုံးမှုများ ဖြစ်ပွားခဲ့

ကျွန်းစုမြို့နယ်နှင့် ရေဖြူမြို့နယ်တို့တွင် မိုးကြိုးထိမှန်၍ လူသေဆုံးမှုများ ဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၏ သတင်းဖော်ပြချက်အရ သိရသည်။
 
ဖြစ်စဉ်မှာ စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၃ နာရီ ၃၀ မိနစ်အချိန် ကျွန်းစုမြို့နယ်၊ လင်မလိုကျေးရွာနေ ဒေါ်ရုံး(၆၃)နှစ်သည် ကျေးရွာအရှေ့ဘက် ဒီရေတောကမ်းစပ်၌ ခရုကောက် နေစဉ် မိုးကြိုးထိမှန်၍ သေဆုံးသွားသဖြင့် ကျွန်းစုမြို့မရဲစခန်း မှ ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။
 
အလားတူ ညနေ ၅ နာရီတွင် ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းကျေးရွာနေ ဦးဝင်းရွှေ(၅၂)နှစ် ပါ ၃ ဦးတို့သည် ဟိန္ဇဲချောင်းအတွင်း၌ တံငါစက်လှေဖြင့် ငါးဖမ်းနေစဉ် မိုးကြိုးထိမှန်၍ ဦးထွန်းမြင့်(၄၈)နှစ်ပါ ၂ ဦးတွင် ဒဏ်ရာများရရှိကာ သေဆုံးခဲ့ပြီး ဦးဝင်းရွှေတွင် ယာခြေသလုံး အပူလောင်ဒဏ်ရာရရှိခဲ့သောကြောင့် ကံပေါက်နယ်မြေရဲစခန်း မှ ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်းဖြင့်လည်း ထုတ်ပြန်ချက်အရ သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment