အကောင်းဆုံး ကစားသမားဆုများအတွက် UEFA နဲ့ FIFA ရဲ့ လူရွေးချယ်ပုံကို ပြစ်တင်ဝေဖန်လိုက်တဲ့ ဂရစ်ဇ်မန်း

မကြာသေးမီက ပြီးဆုံးခဲ့တဲ့ ကမ္ဘာ့ဖလားမှာ အသင်းအတွက် ခေခြစွမ်းပြပြီး ကမ္ဘာ့ဖလားဆုကြီးကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းဟာ ဥရောပဘောလုံးအဖွဲ့ချုပ် UEFA နဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA တို့ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုအတွက် ဆန်ကာတင်ကစားသမားစာရင်း ရွေးချယ်ပုံကို ပြစ်တင်ဝေဖန်လိုက်ပြီး ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်ခဲ့သူတွေ တစ်ဦးမှ မပါဝင်လာနိုင်တာဟာလည်း ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တစ်ခုဖြစ် တယ်လို့ ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။
 
UEFA ဟာ တစ်နှစ်တာအကောင်းဆုံးကို မကြာသေးမီက ပေးအပ်ချီးမြှင့်ပြီးခဲ့ပြီ ဖြစ်ပြီး မကြာမီ ရက်ပိုင်းအတွင်းမှာလည်း FIFA က ၄င်းတို့ နှစ်စဉ်ကျင်းပလေ့ရှိတဲ့ တစ်နှစ်တာ ကမ္ဘာ့အကောင်းဆုံး ဆုကို ပေးအပ်ချီးမြှင့် သွားတော့မှာလည်းဖြစ်ပါတယ်။
 
UEFA ရဲ့ ဆန်ကာတင်ကစားသမားစာရင်းမှာ ရိုနယ်လ်ဒို၊ မိုဒရစ်၊ ဆာလက်တို့ပါဝင်လာခဲ့ပြီး ကမ္ဘာ့ဖလားမှာ အသင်းကို ဗိုလ်လုပွဲရောက်အောင် အကောင်းဆုံးခေါ်ဆောင်နိုင်ခဲ့တဲ့ ခရိုအေးရှား
ကွင်းလယ်လူ လူကာမိုဒရစ်က အဆိုပါဆုကို ဆွတ်ခူးသွားနိုင်ခဲ့သော် လည်း ကမ္ဘာ့ဖလားမှာ ဗိုလ်စွဲ နိုင်ခဲ့တဲ့ ပြင်သစ်အသင်းသားတွေထဲက တစ်ဦးမျှပါဝင်လာခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင် မကြာမီ ရက်ပိုင်းအတွင်းမှာ ပေးအပ်ချီးမြှင့်သွားမယ့် FIFA ကမ္ဘာ့အကောင်းဆုံး ဆန်ကာတင် ကစားသမား (၃) ဦးမှာလည်း ပြင်သစ်ကစားသမားတွေ ထပ်မံပါဝင် လာခဲ့ခြင်းမရှိဘဲ ရိုနယ်လ်ဒို၊ မိုဒရစ်၊ ဆာလက် တို့ (၃) ဦးသာ ပြန်လည် ပါဝင်နေခဲ့တာလည်းဖြစ်ပါတယ်။
 
ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းကတော့ အခုလို ပြင်သစ်သားတွေ တစ်ဦးမှ ဆန်ကာတင်ကစားသမားစာရင်းတွေမှာ ပါဝင်မလာခြင်းအပေါ် ဆုရွေးချယ်ရေးအဖွဲ့တွေကို အခုလို ဝေဖန်ပြောဆိုသွားခဲ့ပါတယ်။
 
“ ကျွန်တော်ဒါကို အရင်တစ်ခါကလည်း ဖြေထားပြီးပါပြီး FIFA နဲ့ UEFA တို့က ပေးအပ်တဲ့ ဆုတွေရဲ့ ဆန်ကာတင်ကစားသမားစာရင်းမှာ ပြင်သစ်သားတွေမပါဝင်လာခဲ့တာဟာ တကယ့်ကို ရှက်ဖို့ကောင်းတဲ့ လုပ်ရပ်တစ်ခုပါ။ ဒီဆုတွေကို ဘယ်လိုရည်ရွယ်ချက်၊ ဘယ်လို စံနှုန်းတွေနဲ့ သတ်မှတ်ပြီးပေးတယ်ဆိုတာလည်း ကျွန်တော် မသိတော့ ပါဘူး။ ကျွန်တော်တို့ အသင်းဟာ ကမ္ဘာ့အကြီးကျယ်ဆုံးပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့သူတွေပါ။ နောက်ပြီး အသင်းသားတွေဟာလည်း စွမ်းစွမ်းတမံ ကြိုးစားခဲ့ကြသူတွေပါ။ နောက်ပြီး ဒီပြိုင်ပွဲကိုနှစ်တိုင်းလိုလို ကျင်းပတာလည်း မဟုတ်ပါဘူး။ ၄ နှစ်မှ တစ်ကြိမ်သာကျင်းပတာပါ။ ဒီလို ခမ်းနားကြီးကြယ်တဲ့ ပြိုင်ပွဲမှာ အနိုင်ရရှိထားတဲ့ အသင်းကလူတွေ တစ်ယောက်မှ ပါဝင်မလာနိုင်ဘူးဆိုတာကတော့ တကယ့်ကို အံ့သြဖို့ ကောင်းလွန်းပါတယ်။” လို့ ဂရစ်ဇ်မန်းက ပြစ်တင်ပြောကြား သွားခဲ့ပါတယ်။
 
FIFA ဟာ မကြာခင်ရက်ပိုင်းအတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆု (Ballon d ‘Or ) ဆုကိုပေးအပ်ချီးမြှင့်သွားတော့ မှာဖြစ်ပြီး အဆိုပါဆုဟာ ပြင်သစ်မဂ္ဂဇင်းက ကြီးမှူး ချီးမြှင့်တဲ့ ဆုတစ်ခုလည်း ဖြစ်ပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment