ဇီဒန်း မန်ယူနည်းပြဖြစ်လာပါက ၄င်းခေါ်ယူမည့် ကစားသမားစာရင်း ထွက်ပေါ်လာ

ရီးရဲလ်မက်ဒရစ်နဲ့အတူ အောင်မြင်မှုတွေ များစွာ ရယူထားနိုင်ခဲ့တဲ့ နည်းပြကြီး ဇီဒန်းဟာ လာမယ့်ရာသီမှာ မန်ယူအသင်းနည်းပြ မော်ရင်ဟိုနေရာမှာ အစားဝင်ရောက်လာဖို့ ရေပန်းစားနေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာနေခဲ့ပါတယ်။
 
ဒါ့အပြင် ဇီဒန်းဟာ ၄င်းအနေနဲ့ မန်ယူအသင်းကို ကိုင်တွယ်ခဲ့ပါက အသင်းအတွက် ခေါ်ယူအားဖြည့်မယ့်ကစားသမား စာရင်းကိုလည်း အသင်းတာဝန်ရှိသူတွေကို ပေးအပ်ပြီးဖြစ်တယ်လို့ သတင်းတွေမှာ ထပ်မံဖော်ပြထားပါတယ်။
 
လက်ရှိမန်ယူအသင်းကို ကိုင်တွယ်နေတဲ့ နည်းပြမော်ရင်ဟိုဟာ ယခုနှစ်ရာသီမှာ ပရီးမီးယားလိဂ် ပွဲစဉ် ၄ ပွဲ ယှဉ်ပြိုင်ထားအပြီး မှာ ၂ ပွဲနိုင်၊ ၂ ပွဲရှုံးရလဒ်ကိုသာ ပိုင်ဆိုင်ထားခဲ့ရသလို၊ အသင်းကစားပုံ ဟာလည်း ကောင်းမွန်ခဲ့ခြင်မရှိတာကြောင့် အကယ်၍လာမယ့် ပွဲစဉ်တွေမှာသာ ရလဒ်ကောင်းရရှိအောင် စွမ်းဆောင်နိုင်ခဲ့ခြင်းမရှိပါက အသင်းတာဝန်ရှိသူတွေဟာ ၄င်းကို နည်းပြရာထူးမှ ထုတ်ပယ်သွားဖို့ ရှိနေတာလည်းဖြစ်ပါတယ်။
 
The Mirror သတင်းဌာနကတော့ မန်ယူအသင်းတာဝန်ရှိသူတွေဟာ ဇီဒန်းနဲ့ တွေ့ဆုံပြီးကြောင်းနဲ့ အဆိုပါ နည်းပြအနေနဲ့လည်း ၄င်းခေါ်ယူလိုတဲ့ ကစားသမားစာရင်းကို ပေးအပ်ပြီးပြီဖြစ်ကြောင်း
 
ရေးသားဖော်ပြထားပါတယ်။ The Mirror ရဲ့ဖော်ပြချက်အရ အဆိုပါ ကစားသမားစာရင်းမှာ နည်းပြကြီး ဇီဒန်းရဲ့ တပည့်ဟောင်း ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား တိုနီခရူးစ်၊ ဘိုင်ယန်ကွင်းလယ် ကစားသမား သီယာဂို အယ်ကန်ထရာ နဲ့ ပီအက်စ်ဂျီတိုက်စစ်မှူး ကာဗာနီအပြင်၊ ယခုလက်ရှိမှာ ရီးရဲလ်အသင်းကနေ ဘိုင်ယန်မြူးနစ် အသင်းကို အငှားသွားရောက်ကစားနေတဲ့ ဟားမက် ရိုဒရီဂွက်ဇ်တို့ လည်း ပါဝင်လာခဲ့ပါတယ်။
 
နည်းပြကြီး ဇီးဒန်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကြီးကို ၃ ကြိမ်တိုင် ဆက်တိုက်ရယူပေးနိုင်ခဲ့သူဖြစ်ပြီး အခြားဆုဖလားပေါင်းများစွာကိုလည်း အသင်းနဲ့အတူ ရယူထားနိုင် သူဖြစ်ပါတယ်။ သို့သော် ယခုလက်ရှိမှာတော့ မည်သည့်အသင်းကို မှ လက်ခံကိုင်တွယ်ခြင်းမရှိသေးဘဲ အသင်းလက်မဲ့ဖြစ်နေတာကြောင့် လာမယ့်ရာသီမှာ မန်ယူအသင်းရဲ့နည်းပြအဖြစ် မြင်တွေ့ရဖွယ် ရှိလာနိုင်ပါတယ်။
 
The Ladies News

 

Vote: 
No votes yet

Add new comment