အမေရိကန်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းကွယ်လွန်

အမေရိကန် ၀ါရင့်အထက်လွှတ်တော်အမတ် ဂျွန်မက်ကိန်းသည် ဦးနှောက်ကင်ဆာရောဂါဖြင့် သြဂုတ် ၂၅ ရက်က မိသားစုများခြံရံလျက် ကွယ်လွန်ခဲ့ကြောင်း ၎င်း၏ လွှတ်တော်အမတ်ဆိုင်ရာရုံးက ထုတ်ပြန်ခဲ့သည်။
 
John McCain သည် ဦးနှောက်ကင်ဆာရောဂါ ကုသနေရကြောင်း ကို ၎င်း၏ မိသားစုဝင်များက ၂၀၁၇ခုနှစ် ဇူလိုင်လအတွင်းက ထုတ်ပြန်ခဲ့ သည်။ အထက်လွှတ်တော်အမတ် John McCain သည် ၂၀၀၀ပြည့်နှစ် က တစ်ကြိမ် ၊ ၂၀၀၈ခုနှစ်တွင် တစ်ကြိမ် အမေရိကန်သမ္မတ ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူလည်းဖြစ်သည်။
 
၎င်းသည် ဗီယက်နမ်စစ်ပွဲကာလတွင် စစ်သုံ့ပန်းအဖြစ် ငါးနှစ်ကျော်ကြာ ညှင်းပန်းနှိပ်စက် အကျဉ်းကျခံခဲ့ရဖူးသည်။ ထို့အပြင် ဗီယက်နမ်စစ်ပွဲ ကာလအတွင်း သေဆုံးခဲ့သည့် အမေရိကန် စစ်မှုထမ်းများ၏ ရုပ်အလောင်းကို အမေရိကန်သို့ ပြန်လည်သယ်ယူရေးအတွက် ဗီယက်နမ်နိုင်ငံကို အမေရိကန် အထက်လွှတ်တော်အမတ်တစ်ဦး အနေဖြင့် ကိုယ်တိုင် အကြိမ်ကြိမ် သွားရောက်ဆောင်ရွက်ခဲ့သူ လည်းဖြစ်သည်။
 
ထို့အတူ ၎င်းသည် မြန်မာနိုင်ငံ ဒီမိုကရေစီရေးနှင့် လူ့အခွင့်အရေး အတွက် စစ်အစိုးရအဆက်ဆက်အပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်ရေး ဦးဆောင်ခဲ့သူလည်း ဖြစ်သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment