စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဘယ်အသင်းမှ အနိုင်ရဖို့မလွယ်ကူဘူးလို့ ကြုံးဝါးပြောဆိုလိုက်တဲ့ မိုရာတာ

ချဲလ်ဆီးအသင်းရဲ့ တိုက်စစ်မှူး မိုရာတာက စတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ဘယ်အသင်းမှ အနိုင်ရဖို့မလွယ်ကူဘူးလို့ အာဆင်နယ်အသင်းကို အနိုင်ရရှိအပြီးမှာ ကြုံးဝါးပြောဆိုသွားခဲ့ပါတယ်။
 
ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အာဆင်နယ် အသင်းကို ၄င်းတို့ရဲ့ အိမ်ကွင်းစတမ်းဖို့ဒ်ဘရစ်ခ်ျမှာ ၃-၂ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အဆိုပါပွဲအပြီးမှာ မိုရာတာက အခုလိုကြုံးဝါးပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။
 
”ပရီးမီးယားလိဂ်ပွဲစဉ်တွေအပြင် အခြားအသင်းတွေလည်း ကျွန်တော်တို့ စတမ်းဖို့ဒ်ဘရစ်ချစ်မှာ အနိုင်ရဖို့လွယ်မှာ မဟုတ်ပါဘူး။ ဘာလို့လဲ ဆိုတော့ စတမ်းဖို့ဒ်ဘရစ်ခ်ျဟာ ကျွန်တော်တို့ရဲ့ အိမ်ဖြစ်နေလို့ပါပဲ။ ဒီပွဲမှာ အနိုင်ရတဲ့အတွက် ကျွန်တော် ၀မ်းသာပါတယ်။ ဒီနိုင်ပွဲဟာ ကျွန်တော်တို့ အတွက် ထိုက်တန်မှုရှိတဲ့ နိုင်ပွဲတစ်ပွဲပါ။
 
ဒါပေမယ့် ကျွန်တော်တို့ ဒီထက်ပိုပြီး လုပ်နိုင်ဖို့လိုပါသေးတယ်။ ကျွန်တော်တို့အားလုံး အကောင်းဆုံး ကြိုးစားခဲ့ကြကြီး အဖိုးတန် ၃ မှတ်ကို ရယူနိုင်ခဲ့တာပါ။“ လို့ မော်ရာတာက ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။
 
ဆက်လက်ပြီးလည်း မိုရာတာက ၄င်တို့အသင်းနဲ့ ပတ်သက်ပြီးတော့ လည်း “ကျွန်တော်တို့ဟာ ပွဲမစခင်ကတည်းက အနိုင်ရလဒ်ကို လိုအပ်နေကြတာပါ။ ကွင်းအတွင်းမှာလည်း အကောင်းဆုံး စွမ်းဆောင်နိုင်ခဲ့ကြသလို နောက်ထပ် အနိုင် ၃ မှတ်လည်း ပိုင်ဆိုင်နိုင်ခဲ့ပါပြီ။ ပရိသတ်တွေဝမ်းသာဖို့ ကျွန်တော်တို့ အနိုင်ရလဒ်တွေ ရရှိအောင် အမြဲကြိုးစားသွားမှာပါ။ အခုအချိန်ထိ ကျွန်တော်တို့ ပေးဂိုးများများ ပေးထားရခြင်းလည်း မရှိသေးပါဘူး။ ပွဲစဉ်အားလုံးကို အနိုင်ရရင်တော့ ပရိသတ်တွေပိုပြီး ပျော်ရွှင်ကြမှာဖြစ်လို့ ကျွန်တော်တို့ ပွဲစဉ်တိုင်းလိုလိုကို အနိုင်ရရှိအောင် စွမ်းဆောင်သွားမှာပါ” လို့ မော်ရာတာက ထပ်မံပြောကြားသွားခဲ့ပါတယ်။
 
ချယ်လ်ဆီးအသင်းဟာ အန်တိုနီယို ကွန်တီလက်ထက်မှာ အိမ်ကွင်း ၁၉ ပွဲ ကစားထားရာမှာ ၈ ပွဲ အထိ နိုင်ပွဲပျောက်ဆုံး နေခဲ့ရသလို အိမ်ကွင်း နောက်ဆုံး ၁၀ ပွဲမှာလည်း ၁ ပွဲသာ အနိုင်ရရှိထားတာ ဖြစ်ပါတယ်။ သို့သော် နည်းပြသစ် ဆာရီလက်ထက်မှာတော့ ပြိုင်ဘက်အသင်းကြီး တစ်သင်းဖြစ်တဲ့ အာဆင်နယ်အသင်းကို အိမ်ကွင်းမှာ အနိုင်ရရှိအောင် စွမ်းဆောင်ထားနိုင်ခဲ့ပြီလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment