ရိုနယ်လ်ဒို ရောက်မလာစဉ်ကအတိုင်း ပရိသတ်ဝင်ရောက်မှု နည်းပါးခဲ့တဲ့ ဘာနေဗျူးပွဲစဉ်

မနေ့က ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂီတာဖေးလ်အသင်းနဲ့ ပွဲစဉ်မှာ အသင်းကို ရိုနယ်လ်ဒို ရောက်မလာခင်ကအတိုင်း ရီးရဲလ်မက်ဒရစ်တို့ရဲ့ ဘာနေဗျူးကွင်းကြီးဟာ ပရိသတ် ၀င်ရောက်မှု နည်းပါးခဲ့ပါတယ်။ အဆိုပါ ပွဲစဉ်မှာ ပရိသတ်တွေဟာ ကွင်းတစ်ဝက်မျှသာ လာရောက်ကြည့်ရှုခဲ့ကြတာဖြစ်ပြီး အဆိုပါ ရလဒ်ဟာ ရိုနယ်လ်ဒို ရီးရဲလ်ကို မရောက်ခင်က ရလဒ်တွေနဲ့ တူညီနေတာလည်း ဖြစ်ပါတယ်။
 
အဆိုပါ ပွဲစဉ်မှာတော့ ရီးရဲလ်တို့ဟာ ဂီတာဖေးလ်အသင်းကို ၂ -၀ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး ရီးရဲလ်အတွက် သွင်းဂိုးတွေကိုတော့ ဂါရတ်ဘေးလ်ရဲ့ ဖန်တီးပေးပို့မှုကနေ တစ်ဆင့် ကာဗာဂျယ်က သွင်းယူပေးနိုင်ခဲ့ပြီး အသင်းအတွက် ဒုတိယမြောက်ဂိုးကိုတော့ ပွဲကစားချိန် မိနစ် ၅၀ အကျော်မှာ ဂါရတ်ဘေးလ်က သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
သို့သော် အဆိုပါ ပွဲစဉ်ကို လာရောက်ကြည့်ရှုသည့် ပရိသတ်ပေါင်း ၄၈၄၆၆ ဦးမျှသာရှိခဲ့ပြီး ယခင်ရိုနယ်လ်ဒို ရှိစဉ်က လာရောက် အားပေးခဲ့ကြတဲ့ အမာခံပရိသတ်တွေ လာရောက်ခဲ့ခြင်း မရှိဘူးလို့ ဆိုနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် စပိန်ကို လာရောက် လည်ပတ်ကြတဲ့ ပရိသတ်တွေဟာလည်း ယခင်ကထက် ကြည့်ရှုသူ နည်းပါးခဲ့ပါတယ်။
 
ဘာနေဗျူးရဲ့ ယခုလို ပရိသတ်နည်းပါးမှုဟာ လွန်ခဲ့တဲ့ ၂၀၀၈-၂၀၀၉ ဘောလုံးရာသီမှာ ဖြစ်ပေါ်ခဲ့ဖူးပြီး ရိုနယ်လ်ဒို အသင်းကို မရောက်ရှိစဉ်က ဂွါဒီယိုလို ကိုင်တွယ်ခဲ့တဲ့ ဘာစီလိုနာအသင်းကို ၅ ပွဲဆက် ရှုံးနိမ့်ခဲ့စဉ်ကလည်း ဖြစ်ပါတယ်။ အဲ့နောက်ပိုင်းမှသာ ရီးရဲလ်တို့ဟာ မန်ယူအသင်းထံမှ စီရိုနယ်လ်ဒိုကို ခေါ်ယူခဲ့တာဖြစ်ပြီး ၄င်းအသင်းမှ မထွက်ခွာခင်အချိန်ထိ ဘာနေဗျူးအတွင်း ပရိသတ်ဝင်ရောက်မှု နည်းပါးခြင်းမရှိခဲ့တာလည်း ဖြစ်ပါတယ်။
 
လက်ရှိအချိန်မှာတော့ ကမ္ဘာ့အကောင်းဆုံး ၅ ဆုရှင် စီရိုနယ်လ်ဒိုဟာ ရီးရဲလ်အသင်းကနေ ဂျူဗင်တပ်အသင်းကို ထွက်ခွာခဲ့ပြီဖြစ်တာကြောင့် အသင်းအတွက် အကောင်းဆုံး ပေးဆပ်ပြီး ဆုဖလားတွေများစွာ ပိုင်ဆိုင်နိုင်အောင် ကြိုးစားပေးခဲ့တဲ့ ၄င်းရဲ့ အမာခံ ပရိသတ်တွေဟာ ဂျူဗင်တပ်အသင်းကို ပြောင်းလဲအားပေး လာကြတာလည်း ဖြစ်ပါတယ်။
 
မီဒီယာတွေကတော့ အခုလို ဘာနေဗျူးကွင်းကြီးထဲမှာ ပရိသတ် ၀င်ရောက်မှု နည်းပါးရခြင်းဟာ ရိုနယ်လ်ဒို ထွက်ခွာသွားတာ တစ်ခုတည်းကြောင့် မဟုတ်ဘူးလို့ ယူဆနေကြပြီး ကစားချိန် နောက်ကျခြင်းအပြင် ကစားသမားသစ် ခေါ်ယူနိုင်မှု မရှိတာကြောင့် ဖြစ်တယ်လို့ သုံးသပ်နေကြပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment