အာရှအသင်း ခြေစွမ်းမျိုးနဲ့ ဘရိုက်တန်ကို အဝေးကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ မန်ယူ

ပရီးမီးယားလိဂ်ရဲ့ ဒုတိယမြောက်ပွဲစဉ် တစ်ပွဲဖြစ်တဲ့ ဘရိုက်တန် အသင်းနဲ့ မန်ယူအသင်းတို့ရဲ့ပွဲစဉ်ကို မနေ့ညပိုင်းက ယှဉ်ပြိုင်ခဲ့ကြပြီး မန်ယူအသင်းဟာ အာရှအသင်း ခြေစွမ်းမျိုးသာ ပြသနိုင်ခဲ့တာကြောင့် အိမ်ရှင်ဘရိုက်တန် အသင်းကို ၂-၃ ရလဒ်နဲ့ ရှုံးနိမ့်သွားခဲ့ပါတယ်။
 
အဆိုပါပွဲစဉ်မှာ မန်ယူအသင်းဟာ ၄-၃-၃ ကစားပုံနဲ့ ခင်းကျင်း လာခဲ့ပေမယ့် ၄င်းတို့ရဲ့ အရေးပါတဲ့ တိုက်စစ်မှူး ဆန်းချက်ဇ်ကတော့ အရန်မှာတောင် ပါဝင်လာခဲ့ခြင်း မရှိခဲ့ပါဘူး။ ဆန်းချက်ဇ်ပါဝင်နိုင်ခြင်း မရှိတာကြောင့် နည်းပြကြီး မော်ရင်ဟိုဟာ အဆိုပါကစားသမားနေရာမှာ ၀င်ရောက်ကစားဖို့ မာရှယ်ကို ထည့်သွင်းအသုံးပြုခဲ့ပြီး လူကာကူ နဲ့ တွဲဖက်စေခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာလည်း ကစားသမားကောင်းတွေ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတဲ့ မန်ယူဟာ မကြာသေးမီကမှ ခေါ်ယူထားတဲ့ ဘရာဇီးသား ဖရက်ဒ်၊ နဲ့ အသင်းကို ပြန်လည်ရောက်ရှိ လာခဲ့တဲ့ ပါရဲယားတို့ကို ပေါ့ဂ်ဘာနဲ့ တွဲဖက်စေခဲ့ပြီး ခံစစ်ပိုင်းမှာတော့ ဘိုင်လီ၊ လင်ဒီလော့၊ လုရှောနဲ့ အက်ရှ်လေယန်းတို့ကို အသုံးပြုသွားခဲ့ပါ တယ်။
 
အိမ်ရှင် ဘရိုက်တန်အသင်းကတော့ ဂိုးသမားနေရာမှာ ရိုင်ယန်ကို အသုံးပြုခဲ့ပြီး ခံစစ်ပိုင်းမှာတော့ မွန်တိုယာ၊ ဒန့်ခ်၊ ဒပ်ဖ်ဖီ၊ ဘွန်းန် တို့ကို ပါဝင်စေခဲ့ပါတယ်။ ကွင်းလယ်ပိုင်းမှာတော့ နော့ခ်ကရက်၊ စတီဖင်န်၊ ပရိုပါ နဲ့ မတ်ခ်ျ တို့ကို တွဲဖက်စေခဲ့ပြီး တိုက်စစ်ပိုင်းမှာတော့ မာရေး နဲ့ ဂရော့စ် တို့ကို ဦးဆောင်စေခဲ့ပါတယ်။
 
ပွဲကစားချိန်စတင်တာနဲ့ တစ်ပြိုင်နက် ၂ သင်းစလုံးဟာ အပြန်အလှန် ထိုးဖောက်နေခဲ့ကြပြီး ပွဲကစားချိန် ၁၀ မိနစ်မှာ မန်ယူအသင်း တိုက်စစ်မှူး ဂိုးအဖြစ် ပြောင်းလဲနိုင်မယ့် အခွင့်အရေးတစ်ကြိမ် ရရှိခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပွဲကစားချိန် ၁၅ မိနစ်ကျော် လွန်လာတဲ့အထိ ၂ ဖက်အသင်းဟာ အပြန်အလှန် ထိုးဖောက် တိုက်စစ်ဆင်ခဲ့ပေမယ့်လည်း ဘရိုက်တန်တို့ဟာ မန်ယူထက် အချိတ်ဆက်မိမိ ထိုးဖောက်နိုင်နေခဲ့ပါတယ်။ ပွဲကစားချိန် မိနစ် ၂၀ ကို ကျော်လွန်လာတဲ့အခါမှာတော့ ဘရိုက်တန်တို့ဟာ မန်ယူအသင်း ဘက်ကို ထိရောက်တဲ့ ဖိအားပေးမှုတွေ ပြုလုပ်လာနိုင်ခဲ့ပြီး ပွဲကစားချိန် ၂၅ မိနစ်မှာတော့ အဖွင့်ဂိုး စတင်ရရှိသွားခဲ့ပါတယ်။ ဒီဂိုးကိုတော့ တောင်ပံဘက်အခြမ်းက ဖြတ်တင်ပေးလိုက်တဲ့ ဘောလုံးကို တိုက်စစ်မှူး မာရေးက မန်ယူနောက်ခံကစားသမား တစ်ဦးကို ကျော်ဖြတ်ပြီး ပိတ်သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
 
ဂိုးရရှိပြီး ၂ မိနစ်အကြာမှာလည်း ဘရိုက်တန်တို့ဟာ မန်ယူအသင်း ဘက်ကို နောက်ထပ် ဦးဆေင်ဂိုး ၁ ဂိုး ထပ်မံသွင်းယူနိုင်ခဲ့ပါတယ်။ ဒီဂိုးကိုတော့ ထောင့်ကန်ဘောကနေ ကန်တင်ပေးလိုက်တဲ့ ဘောလုံးကို ဒပ်ဖ်ဖီက မန်ယူဂိုး ဧရိယာအတွင်းကနေ ကန်သွင်းယူသွားခဲ့တာ ဖြစ်ပါတယ်။
 
ဂိုးပေးပြီးရပြီး နောက်ပိုင်းမှာတော့ မန်ယူတို့ဟာ တိုက်စစ်ကို ပိုမိုလိုက်ပါလာခဲ့ပြီး ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြန်လည်ပြုလုပ်လာနိုင်ခဲ့ကာ ပွဲကစားချိန် ၃၄ မိနစ်မှာတော့ မန်ယူတို့ ခြေပဂိုး ၁ ဂိုးပြန်လည်ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ထောင့်ကန်ဘော ကနေ ပြန်လျှံထွက်လာတဲ့ ဘောလုံးကို လုရှော အပြင်းကန်သွင်းရာမှာ မြင့်တက်လာတဲ့ ဘောလုံးကို တိုက်စစ်မှူးလူကာကူက ဂိုးနဲ့ အနီးကပ် ခေါင်းတိုက်သွင်းယူသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပွဲကစားချိန် ၄၂ မိနစ်မှာတော့ မန်ယူတို့ ပင်နယ်တီ ပြန်လည်ပေးခဲ့ရပါတယ်။ ဂိုးဧရိယာထဲ ဆွဲဝင်လာတဲ့ ဘရိုက်တန် ကစားသမားကို မန်ယူနောက်ခံ လူ ဘိုင်လေ မဆင်မချင် ဖြတ်ထုတ်လိုက်တာကြောင့် ကွင်းလယ်ဒိုင် ဖရိုင်းရဲ့ ပင်နယ်တီ သတ်မှတ်ပေးခြင်းကို ခံခဲ့ရတာဖြစ်ပြီး အဆိုပါ ပင်န်နယ်တီကိုတော့ ဂရော့စ်က အမှားယွင်းမရှိ ကန်သွင်းယူသွားနိုင် ခဲ့ပါတယ်။ ပထမပိုင်းအပြီးမှာတော့ အိမ်ရှင် ဘရိုက်တန်တို့ဟာ မန်ယူအသင်းကို ၃-၁ ရလဒ်နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။
 
ဒုတိယပိုင်း ပြန်လည်စတင်လာချိန်မှာတော့ နည်းပြမော်ရင်ဟိုဟာ လူစားလဲမှုတွေကို စတင်ပြုလုပ်ခဲ့ပါတယ်။ ကွင်းလယ်လူ ပါရဲယားနေရာမှာ တိုက်စစ်မှူး ရပ်ဖို့ဒ်ကို ထည့်သွင်းကစားခဲ့ပြီး မာတာရဲ့နေရာမှာ လည်း လင်ဂတ်ကို ၀င်ရောက် ကစားစေခဲ့ပါတယ်။ လူစာရင်းအပြောင်းအလဲ ပြုလုပ်ပြီး တိုက်စစ်အင်အား ဖြည့်တင်းခဲ့ပေမယ့် မန်ယူတို့ဟာ ဘရိုက်တန်ဘက်ကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခြင်းမရှိခဲ့ဘဲ အာရှအသင်း ခြေစွမ်းမျိုးသာ ရှိနေခဲ့ပါတယ်။ ဒါ့အပြင် နည်းပြကြီး မော်ရင်ဟိုဟာ ပွဲကစားချိန် ၅၉ မိနစ်မှာလည်း ခြေစွမ်းပြသနိုင်ခြင်း မရှိတဲ့ မာရှယ်နေရာမှာ ဖယ်လိုင်နီကို ၀င်ရောက်ကစားစေခဲ့ပြီး ကွင်းလယ်ပိုင်းကို ပိုမိုတည်ငြိမ်အောင် လုပ်ဆောင်ခဲ့ပေမယ့်လည်း ပေါ့ဂ်ဘာ ဟာ အပျက်များနေခဲ့သလို ဖရက်ဒ်ဟာလည်း အသင်းနဲ့ နေသားမကျ ဖြစ်နေခဲ့တာကြောင့် မန်ယူတို့ဟာ ဘရိုက်တန်အသင်းဘက်ကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပွဲကစားချိန် ၇၅ မိနစ်မှာတော့ ပေါ့ဂ်ဘာ ဂိုးဧရိယာ အပြင်ဘက်ကနေ ဝှေ့ဝိုက် ကန်သွင်းခဲ့ပေမယ့် ဘရိုက်တန် ဂိုးသမား အကောင်းဆုံး ကာကွယ် သွားနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်း ပြီးဆုံးတဲ့ အချိန်ထိ မန်ယူအသင်းဟာ ဘရိုက်တန်အသင်းကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ ပြုလုပ်နိုင်ခဲ့ခြင်းမရှိခဲ့ဘဲ နာကျင်အချိန်ပို ၉၄ မိနစ်မှာတော့ ဖယ်လိုင်နီကို ဘရိုက်တန်နောက်တန်း ပစ်ဒဏ်ကျူးလွန်ခဲ့တာကြောင့် မန်ယူ တို့ ပင်န်နယ်တီ ရရှိခဲ့ပါတယ်။ ဒီဂိုးကိုတော့ ကွင်းလယ်လူ ပေါ့ဂ်ဘာက အမှားယွင်းမရှိ ကန်သွင်းယူနိုင်ခဲ့ပါတယ်။ လက်ကျန်မိနစ်တွေမှာတော့ မန်ယူတို့ဟာ ဘရိုက်တန်ဘက်ကို ထပ်မံတိုက်စစ်ဆင်နိုင်ခြင်း မရှိခဲ့တာကြောင့် ပွဲကစားချိန် ပြီးဆုံးတဲ့အခါမှာတော့ ဘရိုက်တန် အသင်းကို ၂-၃ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။
 
မန်ယူအသင်းဟာ ဘရိုက်တန်အသင်းကို ပြီးခဲ့တဲ့ရာသီကလည်း အဝေးကွင်းမှာ ရှုံးနိမ့်ထားဖူးပြီး ယခုနှစ်မှာလည်း ဆက်လက် ရှုံးနိမ့်ခဲ့ရတာလည်း ဖြစ်ပါတယ်။ မန်ယူတို့ဟာ ၄င်းတို့ရဲ့ တတိယမြောက်ပွဲစဉ်ကိုတော့ ပရီးမီးယားလိဂ် အသင်းကြီး တစ်သင်းဖြစ်တဲ့ စပါးအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားရဖို့ရှိနေပြီး ယခုပွဲစဉ်လို ပုံစံမျိုးသာ စွမ်းဆောင်နိုင်ခဲ့မယ် ဆိုပါက အဆိုပါ ပွဲစဉ်ကိုလည်း အနိုင်ရရှိဖို့ ခက်ခဲလာနိုင်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment