ပညာရေးတွင် ရင်းနှီးမြှုပ်နှံပြီး နိုင်ငံတော်အား တည်ဆောက်ခြင်း သည်သာ အကောင်းဆုံးဖြစ်ဟုဆို

ကလေးငယ်များကို ပညာရေးနှင့် မထိနန်းကျောင်းပါက တိုင်းပြည်သည် တရားဥပဒေစိုးမိုးရေးနှင့် တိုင်းပြည်တွင် ပေါ်ပေါက်လာနိုင်သည့် အနာဂါတ်သည် အန္တရာယ် ရှိခြင်းကြောင့် ပညာရေးတွင် ရင်းနှီးမြှုပ်နှံပြီး နိုင်ငံတော်အား တည်ဆောက်ခြင်းသည်သာ အကောင်းဆုံးဖြစ်ကြောင်း ရန်ကုန်တိုင်းဒေကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက သြဂုတ် ၁၈ ရက်တွင်ပြောကြားသည်။
 
ရန်ကုန်တိုင်းဒေသကြီး၊ ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်း ဖွင့်ပွဲကို သန်လျင်မြို့ရှိ အ.ထ.က(၁) ကျောင်းတွင် ကျင်းပခဲ့ရာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ယင်းသို့ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။
 
“နိုင်ငံတစ်နိုင်ငံကို တည်ဆောက်တဲ့နေရာမှာ သဘာဝ အရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲနေတာနဲ့စာရင် လူသား အရင်းမြစ်တွေကို အတတ်ပညာအရ နိုင်ငံတော်ကြီးကို ထူထောင်နိုင်အောင် တည်ဆောက်ပေးတာဟာ အကောင်းဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခုပဲ ဖြစ်ပါတယ်။ ဒီရင်းနှီးမြှုပ်တစ်ခုကို အစိုးရအသစ်အနေနဲ့ ဘက်ပေါင်းစုံကနေ ပညာရေးဝန်ကြီးဌာနရဲ့ ဦးဆောင်မှုဖြင့် ကြိုးပမ်းဆောင်ရွက်နေမှုဟာ ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရက ဘက်ပေါင်းစုံကနေ ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်။ ဒီထက် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ဖို့ အတွက်လည်း ထပ်ပြီး ကြိုးပမ်းဆောင်ရွက်ပါမယ်။” ဟုဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကပြောသည်။
 
ထို့အတူ ကျောင်းပြင်ပကို ရောက်နေကြသည့် ကလေးများကို ပြုစုပျိုးထောင်ပေးသည့်နေရာတွင် ငွေကြေးအားဖြင့် ကူညီကြသည့် သူများသာမက ပညာအားဖြင့် ကူညီပေးနေသည့် ဆရာ၊ဆရာမများ လည်း ရှိကြောင်း၊ ကျောင်းများတွင် လည်ပတ်နိုင်ရန်အတွက် ဘက်စုံကနေ တာဝန်ယူဆောင်ရွက်ပေးနေကြသော သူများအားလုံး၏ ကုသိုလ်ကောင်းမှု ဖြစ်သလို နိုင်ငံကို အနာဂတ်ကောင်းရန်အတွက် တည်ဆောက်နေကြသည့် သူများလည်း ဖြစ်ကြောင်း၊ ကဏ္ဍနယ်ပယ် အသီးသီးမှ ကြိုးပမ်းဆောင်ရွက်ပေးနေကြသည့် သူများအားလုံးကို ကျေးဇူးတင်ကြောင်း လည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
 
ကျောင်းပြင်ပမူလတန်း ပညာရေးလုပ်ငန်းတွင် ကျောင်းပေါင်း(၉၀)ရှိပြီး (၄)ကျောင်းမှာ ယူနက်စကိုမှ ကူညီပံ့ပိုးပေးထားကြောင်း၊ အဆိုပါကျောင်းများကို ပညာဝန်ကြီးဌာနက အဖက်ဖက်မှကူညီပံ့ပိုးပေး ထားပြီး ယူနက်စကို၏ ကူညီပံ့ပိုးပေးမှုနှင့် ပြည်တွင်းအလှူရှင်များ၏ ဝိုင်းဝန်းအားပေးကူညီမှုများလည်းရှိကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ သတင်းဖော်ပြချက်အရသိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment