Tiger Beer ၏ ကမ္ဘာလုံးဆိုင်ရာ Brand Campaign တစ်ခုဖြစ်သော အတွင်းစိတ်ရဲ့အော်သံ (The Call From Within) မှ မြန်မာနိုင်ငံ၏ ငွေကြယ်ပွင့်တစ်ပွင့် ထွက်ပေါ်လာ

Tiger Beer ၏ ကမ္ဘာလုံးဆိုင်ရာ Brand Campaign တစ်ခုဖြစ်သော Tiger Beer သည် အသက် ၂၉ နှစ်အရွယ် အကပါရမီရှင် ဖြိုးဝေကိုကိုအား မြန်မာနိုင်ငံတွင် ကျင်းပသော အတွင်းစိတ်ရဲ့အော်သံ (The Call From Within) ကမ်ပိန်း၏ အကောင်းဆုံးပါရမီရှင် တစ်ဦးအဖြစ် ရွေးချယ်ခဲ့သည်။
 
အတွင်းစိတ်ရဲ့အော်သံ (The Call From Within) ပါရမီရှင် ရွေးချယ် ဖော်ထုတ်ပွဲသည် အရည်အချင်းရှိပြီး သူတို့၏ အနုပညာများကို ဖော်ထုတ်ခွင့်မရသည့် မြန်မာ့ရွက်ပုန်းသီး လူငယ်လေးများ၏ အရည်အချင်းကို ဖော်ထုတ်ကာ မြေတောင်မြှောက်ပေးသော ကမ်ပိန်းတစ်ခုဖြစ်သည်။
 
ဖြိုးဝေကိုကိုသည် သူ၏ Animation freestyle dance ကနေသည့်ပုံကို ဗီဒီယိုရိုက်ကူးကာ Tiger ဘီယာ၏ Facebook messenger မှတစ်ဆင့် ပေးပို့ယှဉ်ပြိုင်ခဲ့သည်။
 
သူသည် မေလတစ်လလုံး၌ ကျင်းပခဲ့သော ပါရမီရှင် ရွေးချယ်ဖော်ထုတ် ပွဲကြီးသို့ ဝင်ရောက်ယှဉ်ပြိုင်သူ စုစုပေါင်း ၁၄၇ ဦးထဲမှ ရွေးချယ်ခံခဲ့ ရခြင်းဖြစ်သည်။ ဝါသနာရှင်များသည် အွန်လိုင်းမှတစ်ဆင့် ဗီဒီယိုများ ပေးပို့၍ သော်လည်းကောင်း၊ ပြိုင်ပွဲကျင်းပရာ နေရာများသို့ ကိုယ်တိုင်လာရောက် ယှဉ်ပြိုင်ခြင်းဖြင့် သော်လည်းကောင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ “ဖြိုးဝေကိုကိုရဲ့ပါရမီက သူများတွေနဲ့မတူဘဲ ထူးခြားတယ်။ ဖြိုးဝေကိုကိုဟာ ရဲရင့်တယ်။ သတ္တိရှိတယ်။ သူ့အတွင်းစိတ်ရဲ့ အော်သံကို သူနားထောင်တယ်။ သူဟာ ကျွန်မတို့ ရှာဖွေနေတဲ့သူမျိုးပါပဲ” ဟု Heineken Myanmar ၏ Corporate Affairs Director ဖြစ်သူ Holly Bostock မှ ပြောကြားခဲ့သည်။
 
ဖြိုးဝေကိုကိုသည် သူငယ်စဉ်က ကြည့်ရှုခဲ့ရသော မိုက်ကယ်ဂျက်ဆင် Moonwalk dance အကကို နှစ်ခြိုက် သဘောကျကာ ထိုအချိန်မှစ၍ ပရိသတ်အလယ် စင်ပေါ်တွင် ကပြဖျော်ဖြေရမည်ကို စိတ်ကူးယဉ် ပျော်ရွှင်နေခဲ့သူ ဖြစ်သည်။ “မိုက်ကယ်ဂျက်ဆင်ရဲ့ Moonwalk dance အကကို ကျွန်တော်ကြည့်ရတုန်းက ကျွန်တော့်အသက် ၉ နှစ်၊ ၁၀ နှစ် လောက်ပဲ ရှိဦးမယ်။ အဲဒီအကက ကျွန်တော့်ရင်ထဲက အရာတစ်ခုကို လှုပ်နှိုးလိုက်သလိုပဲ။ အဲဒီအချိန်မှာ ကမ္ဘာပေါ်မှာရှိတဲ့ အရာအားလုံးထဲမှာ ကျွန်တော်ဟာ အကကို စိတ်အဝင်စားဆုံးပဲဆိုတာ သိလိုက်ရတယ်။ ကျွန်တော်က ပုံမှန်ဆိုရင် ရှက်တတ်တယ်။ ဒါပေမဲ့ ကနေရပြီဆိုရင်တော့ ရှက်တာရှိတော့ဘူး။ အကကနေတဲ့အချိန်မှာ စိတ်တွေလွတ်လပ် ပေါ့ပါးပြီး အကဟာ ကျွန်တော့်ကို လူတွေနဲ့ ဆက်သွယ်ပေးတဲ့ အရာတစ်ခုလို ခံစားရတယ်” ဟု ဖြိုးဝေကိုကိုက ပြောဆိုသည်။
 
ဖြိုးဝေကိုကိုသည် ကြီးပြင်းလာသောအခါ ပညာရေးကို အာရုံစိုက် လုပ်ဆောင်နိုင်ရန်အတွက် အကပညာ လေ့လာ လိုက်စားခြင်းကို ခေတ္တရပ်နားခဲ့သည်။ Electronic Engineering နှင့် ဘွဲ့ရပြီးနောက်တွင် သူသည် I Need U (iNU) ဟု ခေါ်သော အကပညာကို စိတ်ဝင်စားသည့် လူငယ်လေးများကို လေ့ကျင့်ပျိုးထောင်ပေးသော အကသင်တန်း ကျောင်းကို ဖွင့်လှစ်ခဲ့သည်။
 
သူ၏ အတွင်းစိတ်ရဲ့အော်သံ (The Call From Within) ပြိုင်ပွဲဝင် ဗီဒီယိုထဲတွင် animation အကပုံစံတစ်မျိုးကို တင်ဆက်ထားသည်။ ထိုအကတွင် အကတင်ဆက်သူသည် စက်ရုပ်တစ်ရုပ် လှုပ်ရှားနေ သကဲ့သို့ လှုပ်ရှားလိုက်၊ ရပ်လိုက်နှင့် တစ်ဆင့်ချင်း ကပြတင်ဆက်ခြင်း ဖြစ်သည်။ “Popping အက က street dance အကပုံစံ တစ်မျိုးဖြစ်ပါ တယ်။ ပုံမှန်အားဖြင့်တော့ ကျွန်တော်တို့က ဒီအကပုံစံကို Disco ၊ Funk ၊ ဒါမှမဟုတ် ကျွန်တော် အနှစ်သက်ဆုံး အကတစ်မျိုးဖြစ်တဲ့ Dubstep အကနဲ့ ကလေ့ရှိပါတယ်။ Animation နဲ့ ကတာကတော့ တစ်မျိုးလေး ဆန်းတယ်။ ဒါပေမဲ့ ပိုပြီးဆွဲဆောင်မှု ရှိတယ်။ အကတင်ဆက်သူဟာ အကနဲ့တစ်သားတည်းဖြစ်နေဖို့ စည်းချက်ကို အာရုံစိုက်နိုင်ဖို့ လိုတယ်” ဟု သူ၏ အမြင်ကို ပြောဆိုသည်။
 
ဖြိုးဝေကိုကိုသည် ရန်ကုန်တွင် ကျင်းပမည့် Uncaged Night ဖျော်ဖြေပွဲတွင် ပါဝင်သွားမည်ဖြစ်ကာ လာမည့် နိုဝင်ဘာလတွင် ပြည်ပ၌ ကျင်းပမည်ဖြစ်သည့် The Uncaged Festival တွင်လည်း အခြားသော ပါရမီရှင်များနှင့်အတူ သူ၏ အကပညာများကို ပြန်လည်မျှဝေသွားမည်ဟု သိရသည်။
 
The global Uncaged campaign (ပါရမီရှင်ရွေးချယ် ဖော်ထုတ်ပွဲကြီး) ကို မြန်မာနိုင်ငံ အပါအဝင် ထိုင်ဝမ်၊ စင်ကာပူ၊ မလေးရှား၊ ဂျပန်၊ ကိုရီးယား၊ မွန်ဂိုလီးယား၊ ကနေဒါ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျာမနီ၊ နယူးဇီလန်၊ အမေရိကန် စသည့် နိုင်ငံပေါင်း ၁၃ နိုင်ငံတွင် ကျင်းပခြင်းဖြစ်သည်။
 
The Ladies News
 

 

Vote: 
Average: 5 (1 vote)

Add new comment