ဒေါ့မွန်စတား ပူလီဆစ်ကို ချီးကျူးလိုက်တဲ့ လီဗာပူးလ်နည်းပြ ယာဂန်ကလော့

လီဗားပူးလ်အသင်းနဲ့ ဒေါ့မွန်အသင်းတို့ဟာ International Champions Cup ပွဲစဉ်ကို မနေ့ညက ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဒေါ့မွန်အသင်းဟာ ပူလီဆစ်ရဲ့ သွင်းဂိုး ၂ ဂိုးနဲ့အတူ လီဗာပူးလ်အသင်းကို ၃-၁ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ လီဗာပူးလ်နည်းပြကြီး ယာဂန်ကလော့ကတော့ အဆိုပါ အမေရိကန် လက်ရွေးစင်ကစားသမားရဲ့ ကစားပုံကို နှစ်သက်ကြောင်းနဲ့ ၄င်းဟာ အရည်အသွေးမြင့် လူငယ်ကစားသမား တစ်ဦးဖြစ်ကြောင်း ချီးကျူးပြောဆိုမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
 
အဆိုပါ ပွဲစဉ်မှာ ခြေစွမ်းပြဂိုးတွေ သွင်းယူပေးနိုင်ခဲ့တဲ့ ပူလီဆစ်နဲ့ပတ်သက်ပြီး ကလော့လာ “သူဟာ အရည်အသွေး မြင့် လူငယ် ကစားသမား တစ်ဦး ဖြစ်ပြီး သူ ဒီလိုလုပ်ခဲ့တာ သိပ်တော့ မအံ့သြမိပါဘူး။ သူဟာ ထူးချွန်တဲ့ ကစားသမားဖြစ်ပြီး USA အနေနဲ့ ဒီလို ကစားသမားတွေ အများကြီး လိုအပ်ပါတယ်။ သူတစ်ဦး တည်းနဲ့တော့ ဘာမှ လုပ်နိုင်မှာ မဟုတ်ပါဘူး။ USA အနေနဲ့ သူ့လိုကစားသမားမျိုးတွေ ကလပ်မှာ အများကြီးလိုအပ်နေပါတယ်။ အဓိကကတော့ ကစားသမားလေးတွေကို ဖိအားမပေးမိဖို့ပါပဲ။ အခြားအရည်အသွေးမြင့် လူငယ်ကစားသမား တွေလည်း USA မှာရှိနေပါသေးတယ်။ ဘယ်လ်ဂျီယံနဲ့ အိုက်စ်လန် တို့တောင် ကစားသမားသစ်တွေ ပေါ်ထွက်လာသေးတာပဲ။ အမေရိကန်လည်း လုပ်နိုင်မှာပါ။ ပူလီဆစ်ရှိနေတဲ့အတွက် သူတို့အဆင်ပြေမှာတော့ အသေချာပါပဲ” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
 
ဒါ့အပြင် ၄င်းတို့ အသင်းကစားပုံနဲ့ ပတ်သတ်ပြီး ကလော့ပ်က “ကျွန်တော် တစ်အသင်းဟာ အစကောင်းခဲ့ ပေမယ့်လည်း ထိရောက်တဲ့ ဖန်တီးမှုတွေတော့ ကောင်းစွာပြုလုပ်နိုင်ခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် ကျွန်တော့် ကစားသမားတွေ ရရှိတဲ့ အခွင့်အရေးကို အပိုင်အသုံးချ နိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာ ပြန်လည်မြင်တွေ့ရတဲ့ ဒေါ့မွန်ဟာ ပထမပိုင်းက ဒေါ့မွန်နဲ့ လုံးဝခြားနားသွားပြီး ကျွန်တော်တို့ကိုလည်း ပိုမိုသတိရှိစေခဲ့ပါတယ်။ ကျွန်တော်တို့ဟာ ကျော်ဖြတ်ပုံတွေ ကောင်းမွန်ခဲ့ပေမယ့် ဂိုးအဖြစ်တော့ ပြောင်းလဲနိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။ ကျွန်တော်တို့ ဒါကြောင့် ဒီပွဲကို ရှုံးရတာပါ။ ဒီပွဲကနေ ကျွန်တော်လေ့လာသင်ယူစရာတွေ များစွာရလိုက်ပါတယ်။ နောက်ထပ် ယှဉ်ပြိုင်ရမယ့် ပွဲစဉ်တွေမှာလည်း အကောင်းဆုံးပြင်ဆင်သွားမှာပါ။ “ လို့ ယာဂန်ကလော့ပ်က ထပ်မံထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
 
အဆိုပါ ပွဲစဉ်မှာ လီဗာပူးလ်တို့ဟာ ဗန်ဒိုက်ရဲ့ ဦးဆောင်ဂိုးကို ပိုင်ဆိုင်ထားခဲ့ပေမယ့်လည်း လက်ကျန်မိနစ်တွေမှာ ပူလီဆစ်က ၂ ဂိုးဆက် ပြန်လည်သွင်းယူသွားနိုင်ခဲ့ပြီး အသင်းအတွက် ၃ ဂိုးမြောက်ဂိုးကိုလည်း လာဆင်က ထပ်မံသွင်းယူ သွားနိုင်ခဲ့ တာကြောင့် ပွဲချိန်ပြီးဆုံးတဲ့ အခါမှာတော့ ဒေါ့မွန်တို့ဟာ လီဗာပူးလ်အသင်းကို ၃-၁ နဲ့ အနိုင်ရရှိခဲ့တာလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment