ဂျာမနီလက်ရွေးစင်ကစားသမားဘ၀မှ အနားယူသွားပြီဖြစ်တဲ့ အိုဇေးလ်

ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းနဲ့ ဂျာမနီလက်ရွေးစင် အသင်းရဲ့ အဓိကအားထားရတဲ့ ကွင်းလယ်လူ အိုဇေးလ်ဟာ နိုင်ငံ့လက်ရွေးစင် ကစားသမားဘ၀ကနေ အနားယူသွားခဲ့ပြီဖြစ်ပါတယ်။ အဆိုပါ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲတွေမှာ ဖိအားပေးခံရမှုတွေ ရှိနေခဲ့ပြီး ဂျာမနီအသင်းတာဝန်ရှိသူတွေက ၄င်းကို မလိုလားဟန်တွေ ပြသခဲ့ကြတာကြောင့် ၄င်းဟာ အခုလို အနားယူဖို့ဆုံးဖြတ်ခဲ့တာဖြစ်ပြီး ဂျာမီဘောလုံးအဖွဲ့ချုပ်ကို ၄င်းဂျာမနီလက်ရွေးစင် ကစားသမားဘ၀မှ အနားယူကြောင်းကို တရားဝင်အကြောင်းကြားစာ ရေးသား ပေးပို့ခဲ့တာလည်း ဖြစ်ပါတယ်။
 
၎င်း နဲ့ ဂျာမနီဘောလုံးအဖွဲ့ချုပ်တို့ရဲ့ သဘောထားကွဲလွဲမှုတွေဟာ ကမ္ဘာ့ဖလား မတိုင်ခင်က စတင်ခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလား မကျင်းပမီမှာ ၄င်းဟာ တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံခဲ့ပြီး မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့တာကြောင့် ကမ္ဘာ့ဖလားမှာ လက်ရွေးစင် ကစားသမားအဖြစ် ထပ်မံ အသုံးမပြုဖို့ အထိ ဂျာမနီလွတ်တော်အမတ်တွေက ဂျာမနီ ဘောလုံးအဖွဲ့ချုပ်ကို တိုက်တွန်းမှုတွေ ပြုလုပ်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
 
သို့သော် အသက် (၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ အဆိုပါဂျာမနီ ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကွင်းလယ် ကစားသမားအဖြစ် ဆက်လက်ပါဝင်လာခဲ့ပေမယ့် အသင်းဟာ အုပ်စုတွင်းကနေသာ နှုတ်ဆက် ခဲ့ရတာကြောင့် ၄င်းအပေါ်ဝေဖန်မှုတွေများစွာရှိနေခဲ့သလို ဥမင်လှိုဏ်ခေါင်းအ၀င်မှာလည်း ပရိသတ်တွေရဲ့ ဆဲရေးပြောဆိုမှုတွေကို ခံခဲ့ရပါတယ်။ဒါ့အပြင် ဂန်ဒိုဂန်နဲ့ တွေ့ဆုံမှုကိုလည်း နိုင်ငံအပေါ် သစ္စာဖောက်သူ တစ်ယောက်အဖြစ် ပြောဆိုခံရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။
 
ကမ္ဘာ့ဖလားပြိုင်ပွဲမှ နှုတ်ဆက်ထွက်ခွာရပြီး နောက်မှာလည်း သားအပေါ်အခုလို ပြင်းပြင်းထန်ထန် ဝေဖန်နေမှုတွေကို ထပ်မံမမြင်ရက်တာကြောင့် ၄င်းရဲ့ဖခင်ဟာ လက်ရွေးစင် ကစားသမားဘ၀မှ အနားယူဖို့ တိုက်တွန်းပြောကြားမှုတွေ ပြုလုပ်ခဲ့တာဖြစ်ပြီး အိုဇေးလ်ဟာ ယခုအခါမှာတော့ တရားဝင်နုတ်ထွက်စာ ပေးပို့လိုက်တာလည်း ဖြစ်ပါတယ်။
 
အဆိုပါ စာမှာတော့ ၄င်းရဲ့ တူရကီသမ္မတနဲ့ တွေ့ဆုံမှုဟာ နိုင်ငံရေးကိစ္စရပ်တွေ မပါဝင်ကြောင်းနဲ့ ဂျာမနီအနေနဲ့ သူ့အပေါ် လူမျိုးရေးခွဲခြားမှုတွေ ပြုလုပ်ခဲ့တာကိုလည်း စိတ်မကောင်းဖြစ်မိကြောင်း ရေးသားထားပါတယ်။ ဒါ့အပြင် အခုလို လက်ရွေးစင်အသင်းက အနားယူဖို့ ဆုံးဖြတ်ချက်ချရတာဟာ အရမ်းကိုခက်ခဲမှုရှိခဲ့ပြီး ဘောလုံးအဖွဲ့ချုပ်ရဲ့ ထောက်ခံအားပေးမှုကို မရရှိခဲ့တဲ့ အတွက်လည်း စိတ်ပျက်မိကြောင်းကို ထပ်မံရေးသား ဖော်ပြထားပါသေးတယ်။
အိုဇေးလ်ဟာ အိုဇေးလ်ဟာ ဂျာမနီလက်ရွေးစင်အဖြစ် (၉)နှစ်ကြာ ကစားပေးခဲ့ပြီး ပွဲပေါင်း (၉၂)ပွဲကစားထားကာ (၂၃)ဂိုး သွင်းယူပေးနိုင်ခဲ့သူလည်းဖြစ်ပြီး ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားမှာလည်း နိုင်ငံအသင်းကို ကမ္ဘာ့ဖလာ့းရရှိအောင် အဓိက နေရာက ပါဝင်ကူညီပေးခဲ့သူလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment