နည်းပြသစ်ဆာရီနဲ့ အသင်းဖော်ဂျော်ဂျင်ဟိုတို့ကို ချီးကျူးမှုတွေ ပြုလုပ်လိုက်တဲ့ ဇာပါကော်စတာ

ချဲလ်ဆီးအသင်းရဲ့နောက်ခံလူ ဇာပါကော်စတာက မကြာမီရက်ပိုင်း အတွင်းကမှ အသင်းကို ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ နည်းပြသစ်ဆာရီနဲ့ အသင်းဖော်သစ် ဂျော်ဂျင်ဟိုတို့ ၂ ဦးကို ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါ တယ်။
 
ချဲလ်ဆီးအသင်းဟာ လက်ရှိအသင်းရဲ့နည်းပြသစ် ဆာရီကို ၃ နှစ်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာဖြစ်ပြီး ကွင်းလယ်လူ ဂျော်ဂျင်ဟိုကိုလည်း နာပိုလီအသင်းကနေ ပြောင်းရွှေ့ကြေး ပေါင် ၅၇သန်း နဲ့ ၅ နှစ် စာချုပ်ချုပ်ဆိုနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
 
အသင်းရဲ့နောက်ခံလူ ဇာပါကော်စတာကတော့ နည်းပြသစ်ဆာရီနဲ့ ကစားဖော်သစ် ဂျော်ဂျင်ဟိုတို့ ၂ ဦး ၄င်းတို့အသင်းကို ရောက်ရှိလာ တာကို ကြိုဆိုကြောင်းနဲ့ အဆိုပါ ၂ ဦးဟာ အရည်ချင်းရှိသူတွေ ဖြစ်ကြောင်းကို ချဲလ်ဆီး TV နဲ့ အင်တာဗျူးတစ်ခုမှာ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။
 
ချဲလ်ဆီးနောက်ခံလူက “ကျွန်တော် ဆာရီကိုင်တွယ်တဲ့ အသင်းတွေနဲ့ ရင်ဆိုင်ခဲ့ဖူးပါတယ်။ သူတို့အသင်းဟာ ဘောလုံး အထိန်းအသိမ်း ကောင်းမွန်ကြလို့ ဘောလုံးရယူနိုင်ဖို့ကို အတော်ကြိုးစားရပါတယ်။ နောက်ပြီး သူတို့မှာ ဘောလုံးမရှိတဲ့ အချိန်မှာလည်း တစ်ဖက်အသင်း သားတွေကို လိုက်လံဖိအားပေးဖို့ ၀န်လေးကြသူတွေ မဟုတ်ပါဘူး။ ဆာရီဟာ အသင်းကို အကောင်းဆုံး ထိန်းချုပ်မှုတွေ ပြုလုပ်နိုင်တဲ့ နည်းပြတစ်ဦးဖြစ်ပြီး တွန်းတွန်းတိုက်တိုက် ကစားရတဲ့ ကစားကွက်ကို ကြိုက်နှစ်သက်တဲ့သူလည်း ဖြစ်ပါတယ်။ သူဟာ အရမ်းကို အရည်ချင်း ရှိတဲ့ ထက်မြတ်တဲ့ နည်းပြတစ်ဦးပါ” လို့ ထုတ်ဖော်ပြောကြား သွားခဲ့ပါတယ်။
 
ဒါ့အပြင် အသင်းဖော်သစ် ဂျော်ဂျင်ဟိုနဲ့ ပတ်သတ်ပြီးတော့လည်း ဇာပါကော်စတာက “ဂျော်ဂျင်ဟို က အရမ်းကို ပါးနပ်ပြီး အရည်ချင်းရှိသူ တစ်ယောက်ပါ။ သူဟာ ကွင်းလယ်ဖန်တီးမှုပိုင်းဆိုင်ရာမှာ အကွက်မြင်သူ တစ်ဦးဖြစ်ပြီး ဘောလုံးထိန်းချုပ် ကစားရတာ ကိုနှစ်သက်သူပါ။ ကျွန်တော်တို့အသင်း ဘောလုံးပိုင်ဆိုင်မှုအတွက် လည်း များစွာ အထောက်အကူပြုနိုင်မယ်လို့ ယုံကြည်ပါတယ်။ နောက်ပြီး သူရဲ့ ဘောလုံးအကွက်မြင် ဖြန့်ဝေမှုတွေက ကျွန်တော်တို့ အသင်းကို ဂိုးသွင်းနိုင်မယ့် အခွင့်အလမ်းတွေ ပိုမိုပေးစွမ်းနိုင်မှာပါ။ သူဟာ အလွန်အနေအေးသူဖြစ်ပြီး ကြိုးစားသူလည်း ဖြစ်ပါတယ်။ ကျွန်တော်အသင်းမှာ သူနဲ့ တွဲဖက်ကစားဖို့ အရမ်းကို စိတ်လှုပ်ရှားနေပါပြီ။ “ လို့ ထပ်မံ ချီးကျူးမှုတွေ ပြုလုပ်သွားခဲ့ပါတယ်။
 
The Ladies News
 
 

 

Vote: 
No votes yet

Add new comment