M-ပိုက်ဆံအသုံးပြုသူများ အနေဖြင့် CANAL+ ရုပ်သံလိုင်းအသစ်အတွက် လစဉ်ကြေးကို M-ပိုက်ဆံအသုံးပြုပြီး စတင်ပေးဆောင်နိုင်

အူရီဒူး M-ပိုက်ဆံသည် ၎င်း၏၀န်ဆောင်မှုကို အသုံးပြုသူများအတွက် ထူးခြားသော ၀န်ဆောင်မှုတစ်ခုကို မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ကြောင်း သိရသည်။
 
အူရီဒူး နှင့် CANAL+ ရုပ်သံနှင့် ပူးပေါင်းပြီး M-ပိုက်ဆံ အသုံးပြုသူများနှင့် CANAL+ ရုပ်သံပရိသတ်များ အဆင်ပြေ ချောမွေ့စွာဖြင့် ရုပ်သံကြည့်ရှူခြင်းအတွက် ၀န်ဆောင်ခကို ပေးအပ်နိုင်ရန် E-commerce ငွေပေးခြေမှုစနစ်ကို ၀န်ဆောင်မှု ပေးအပ်လိုက်ခြင်းဖြစ်သည်။
 
M-ပိုက်ဆံ အသုံးပြုသူများအနေဖြင့် CANAL+ ရုပ်သံလိုင်းကို သက်တမ်းတိုးရန် (၁)လ၊ (၃)လ နှင့် (၆)လအထိ မိမိတို့ရယူထားသော အစီအစဉ်ပေါ်မူတည်ပြီး လစဉ်ကြေးကို ပေးဆောင် သက်တမ်းတိုးနိုင်မည်ဖြစ်ပြီး ရုပ်သံလိုင်းပေါင်း ၃၆ လိုင်းပါသော ရှယ်ပက်ကေ့ခ်ျကို တစ်လလျှင် ၄၈,၀၀ ကျပ်ဖြင့်လည်းကောင်း၊ ရုပ်သံလိုင်းပေါင်း ၇၈ လိုင်းပါသော ထူးရှယ်ပက်ကေ့ခ်ျကို တစ်လလျှင် ၇,၉၀၀ ကျပ်ဖြင့်လည်းကောင်း ကြည့်ရှူနိုင်သော လိုင်းအရေအတွက် အနည်းအများပေါ် မူတည်ပြီး ပက်ကေ့ခ်ျအမျိုးအစား ၂ မျိုးကို သတ်မှတ်ပေးထားကြောင်း သိရသည်။
 
CANAL+ ၏ CEO ဖြစ်သော Mr. Erwan Luherne က “CANAL+ ရဲ့ ပရိသတ်တွေအတွက် CANAL + သက်တမ်းတိုးခကို M-ပိုက်ဆံ ၀န်ဆောင်မှုကနေတဆင့် ပေးဆောင်နိုင်ပြီဖြစ်တဲ့ အတွက် တကယ်ကို ၀မ်းသာရပါတယ်။ ဒါကြောင့် သူတို့တွေအနေနဲ့ CANAL+ ရဲ့ အစီအစဉ်တွေကို အချိန်မရွေး နှစ်ခြိုက်စာ ကြည့်ရှု အပန်းဖြေနိုင်ပါပြီ။” ဟုပြောကြားလိုက်ပါသည်။
 
အူရီဒူးမြန်မာ၏ Chief M-Commerce Officer ဖြစ်သော Mr. Jacques Voogt က “မြန်မာနိုင်ငံ၏
ဘဏ္ဍာရေး ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အူရီဒူး M-ပိုက်ဆံအဖွဲ့အနေနဲ့ ပံ့ပိုးကူညီလိုပါတယ်။ အခုဆိုရင် M-ပိုက်ဆံ ၀န်ဆောင်မှုကို အသုံးပြုသူများအားလုံးဟာ ဒီဂျစ်တယ် ငွေပေးချေမှုအစနစ်ကို M-ပိုက်ဆံဝန်ဆောင်မှုကို အသုံးပြုပြီး လက်တစ်ချက်နှိပ်ရုံဖြင့် လုံခြုံစိတ်ချ၊ လျင်မြန်အကျိုးရှိစွာနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ M-ပိုက်ဆံ အဖွဲ့သားများအနေနဲ့ မိုဘိုင်းငွေကြေးကဏ္ဍမှာ ဦးဆောင်ဖို့အတွက် ဆန်းသစ်တဲ့ ၀န်ဆောင်မှုများကို ဆက်လက် ပေးအပ်ပြီး မြန်မာနိုင်ငံရဲ့ စီးပွားရေးကဏ္ဍ ပြောင်းလဲတိုးတက်ဖို့အတွက် လုပ်ဆောင်ပေးသွားမှာ ဖြစ်ပါတယ်။” ဟု ပြောကြားခဲ့သည်။
 
ဒါ့အပြင် M-ပိုက်ဆံဝန်ဆောင်မှုကို အသုံးပြုသူများ အနေဖြင့် ပြည်တွင်း မိုးဘိုင်းဖုန်းများအားလုံးသို့ ဖုန်းငွေ ဖြည့်ပေးနိုင်ခြင်း၊ E-Commence ငွေပေးချေခြင်း စနစ်ဖြင့် မြန်မာအမျိုးသား လေကြောင်းလိုင်း၊ Nok Air, flymya.com, SG Shop Myanmar, Myan Pwel, 123 Payment Service နှင့် CANAL+ ရုပ်သံအတွက် ၀န်ဆောင်ခများကို အပိုဝန်ဆောင်ခ ပေးဆောင်စရာမလိုဘဲ အချိန်မရွေး နေရာမရွေး ပေးချေဝယ်ယူနိုင် မည်ဖြစ်ပြီး အဆိုပါ အော်ရီဒူး၏ M-ပိုက်ဆံ ၀န်ဆောင်မှုကို ရယူလိုပါက *999# သို့ ဖုန်းခေါ်ပြီး စာရင်းသွင်းရယူနိုင်မည် ဖြစ်သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment