ကနီမြို့နယ်အတွင်းမှ တရားမဝင်ပိတောက်ခွဲသားများ သိမ်းဆည်းရမိ

စစ်ကိုင်းတိုင်းဒေသကြီး ကနီမြို့နယ် ညောင်ပင်လယ်ကျေးရွာ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ တောအတွင်းမှ ပိတောက်ခွဲသားများ သိမ်းဆည်းရမိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
 
ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်သစ်တောဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတင်သန်းမျိုး ဦးဆောင်သော မုံရွာ/ယင်းမာပင်ခရိုင် စစ်ကြောင်းအဖွဲ့၊ ယင်းမာပင်မြို့နယ်နှင့် ကနီမြို့နယ် နယ်မြေခံ သစ်တောအဖွဲ့တို့သည် တရားမဝင် သစ်ရှာဖွေဖော်ထုတ် ဖမ်းဆီးခြင်းလုပ်ငန်းများ ဆောင်ရွက် လျက်ရှိရာ သတင်းအရ မေ ၂၁ ရက် မွန်းတည့် ၁၂ နာရီ ၁၅ မိနစ်အချိန်က ကနီမြို့နယ်၊ ညောင်ပင်လယ်ကျေးရွာ အနောက်တောင်ဘက် ၃ မိုင်ခန့်အကွာ တောထဲမှ တရားမဝင် ပိတောက်ခွဲသား (၁၈) ချောင်း ၂ ဒသမ ၃၃၃ တန်အား ရှာဖွေသိမ်းဆည်း ရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
အဆိုပါ ဖမ်းဆီးရမိသော တရားမဝင်သစ်များကို သင်္ကန်ဘိနယ်သစ်တော စခန်းတွင် တာဝန်ရှိသူတို့က လုံခြုံစွာ သယ်ယူ ထိန်းသိမ်းထားရှိပြီး ဆက်စပ်ပြစ်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်၍ ကနီမြို့နယ်သစ်တော ဦးစီးဌာနက ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ ဆောင်ရွက်သွား မည်ကြောင်းဖြင့်လည်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment