ဆီးရီးယားနိုင်ငံတွင် သူပုန်များထိန်းချုပ်ထားသည့် မြို့ကို မီးခိုးငွေ့ရှူမိက ချက်ချင်းသေစေနိုင်သည့် ဓာတုအဆိပ်ဗုံးများဖြင့် တိုက်ခိုက်

ဆီးရီးယားနိုင်ငံတွင် ဧပြီလ ၈ ရက်နေ့က သူပုန်များ ထိန်းချုပ်ထားသည့် မြို့ကို မီးခိုးငွေ့ရှူမိက ချက်ချင်းသေစေနိုင်သည့် ဓာတုအဆိပ်ဗုံးများဖြင့် စစ်တပ်က တိုက်ခိုက်ခဲ့ကြောင်း သတင်းများအရ သိရသည်။
 
သူပုန်များ ထိန်းချုပ်ထားသည့် Dourma မြို့ကို စစ်တပ်က ဓာတုအဆိပ်ဗုံး များဖြင့် တိုက်ခိုက်ခဲ့ခြင်းကြောင့် အနည်းဆုံး ၇၀ ဦးကျော် သေဆုံးခဲ့ ရကြောင်း သိရသည်။
 
ယင်းသို့ တိုက်ခိုက်မှုများပြုလုပ်ရန် ဆီးရီးယားနိုင်ငံ သမ္မတက အမိန့်ပေးခဲ့ပြီး ရုရှားလုပ် ဓာတုအဆိပ်ဗုံးများဖြင့် တိုက်ခိုက်ခြင်းကို အမေရိကန်က ကန့်ကွက်ခြင်းများလည်း ရှိကြောင်း သိရသည်။
 
အဆိုပါ ဓာတုဗုံးများပေါက်ကွဲမှုကြောင့် ထွက်ပေါ်လာသည့် ပန်းနုရောင်နှင့် အုတ်ခဲရောင် စသည်ဖြင့် မီးခိုးများကို ရှူမိသည့်သူများအနေဖြင့် ချက်ချင်းသေဆုံးနိုင်ပြီး ယင်းအဆိပ်ငွေ့ ပျံ့နှံ့သည့် ဒေသများတွင် ကိုယ်ခန္ဓာတွင် အခြားဆိုးကျိုးများဖြစ်ပေါ်ကာ နှလုံးခုန်ရပ်၍ သေဆုံးနိုင်စေကြောင်းလည်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment