စမတ်ဖုန်းလောကတွင် လတ်တလော အားသွင်းအမြန်ဆုံး ဖြစ်လာတဲ့ One Plus 5T

အခြားနာမည်ကြီး စမတ်ဖုန်းတွေထက် ဈေးထက်ဝက်သက်သာပြီး Specifications အလန်းကြီးတွေနဲ့ သုံးစွဲသူတွေအကြား ရေပန်းစားနေတဲ့ One Plus ဖုန်းတွေကို Flagship Killer လို့ လူအများက တင်စားခေါ်ဝေါ်နေကြပါပြီ။ အခုနောက်ဆုံး ထွက်ရှိထားတဲ့ One Plus 5T စမတ်ဖုန်းဟာ ဆိုရင်လည်း ၆ လက်မ မျက်နှာပြင်ပြည့် OLED Full View Display ၊ ဖုန်းတွင်း မမ်မိုရီ 128 GB ၊ Snapdragon CPU အမျိုးအစားကို အသုံးပြုထားပြီး RAM 8GB အထိ ထည့်သွင်း ထားတာကြောင့် စွမ်းဆောင်ရည် ပြည့်ဝတဲ့ စမတ်ဖုန်းကောင်း တစ်လုံးလို့ဆိုရမှာပါ။ အဆိုပါ One Plus အမျိုးအစား ဖုန်းများဟာ အရည်အသွေးကောင်းသလို ဈေးကွက်အတွင်းကို သက်သာတဲ့ ဈေးနှုန်းနဲ့ ၀င်ရောက် လာတာကြောင့်လည်း သုံးစွဲသူတွေရဲ့ လက်ခံအားပေးမှုကို အခြား Flagship ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေနီးပါး ရရှိထားတာ ဖြစ်ပါတယ်။
 
One Plus ဖုန်းတွေမှာ စွမ်းဆောင်ရည်ပြည့်ဝတဲ့အပြင် အခြားသော အရေးပါတဲ့ အချက်တစ်ချက်လည်း ရှိပါသေးတယ်။ အဲ့ဒါကတော့ ၄င်းတို့ ကိုယ်တိုင်ထုတ်လုပ်တဲ့ အားသွင်းမြန်စနစ် Dash Charging နည်းပညာပဲ ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်း အားသွင်းနည်းပညာဟာ အံ့သြဖွယ် ကောင်းလောက်အောင် အလွန်မြန်ဆန်ပြီး
လက်ရှိ စမတ်ဖုန်းလောကမှာ အားသွင်းအမြန်ဆုံးလို့ ပြောရင်လည်းမမှားပါဘူး။ ယခုနောက်ဆုံး ထွက်ရှိထားတဲ့ One Plus 5T စမတ်ဖုန်းရဲ့ အားသွင်းကြာမြင့်ချိန်ဟာ ၁၀၀ ရာခိုင်နှုန်းအပြည့်ကို ၇၇ မိနစ်သာကြာမြင့်ပြီး အဆိုပါ ပမာဏဟာ ဖုန်းအတွက် အသုံးပြုထားတဲ့ 3300 mAh ဘတ္ထရီပမာဏနဲ့ နှိုင်းယှဉ်ကြည့်ပါက အလွန်မြန်ဆန် နေတာလည်း ဖြစ်ပါတယ်။ One Plus 5T စမတ်ဖုန်းရဲ့ အားသွင်းကြာမြင့်ချိန်တွေကို သိရှိနိုင်အောင် အောက်တွင် ဖော်ပြပေးလိုက်ပါတယ်။
 
- o min "0%"
- 10 min "18%"
- 20 min "35%"
- 30 min "55%"
- 40 min "75%"
- 50 min "87%"
- 60 min "93%"
- 70 min "98%"
- 77 min "100%"
 
The Ladies News
 

 

Vote: 
No votes yet

Add new comment