ဘားအံမြို့နယ်အတွင်း တရားမ၀င်ရောက်လာသည့် ဘင်္ဂါလီအမျိုးသား နှစ်ဦးအား ဖမ်းဆီး

ဘားအံမြို့နယ် အတွင်း တရားမ၀င်ရောက်လာသည့် ဘင်္ဂါလီအမျိုးသား နှစ်ဦး အား ဇန်န၀ါရီ ၇ ရက်က ဖမ်းဆီးရမိခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက သတင်းထုတ်ပြန်သည်။
 
ဘားအံမှ သထုံသို့ တင်စိုးနိုင် မောင်းနှင်သည့် 3N/ xxxx "အောင်စစ်သည်" ခရီးသည်တင် မှန်လုံယာဉ်အား ဘားအံမြို့နယ်၊ သံလွင်တံတား၌ လုံခြုံရေးနှင့် စစ်ဆေးရေး တာဝန်ကျ ရဲတပ်ဖွဲ့ဝင်များနှင့် မြို့နယ်လဝက အဖွဲ့များ ပါဝင်သော ပူးပေါင်းအဖွဲ့မှ ယာဉ်များစစ်ဆေးစဉ် ရှိတ်အာမက် (ခ) ကျော်သိန်း (၂၇)နှစ် ပါ ဘင်္ဂါလီ ၂ ဦးအား တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 
အဆိုပါရှိတ်အာမက်(ခ)ကျော်သိန်းပါ ၂ ဦးအား စစ်မေးရာ မလေးရှား နိုင်ငံသို့ တရား မဝင်သွားရောက် အလုပ်လုပ်ကိုင်ခဲ့ပြီး တရားမဝင် ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်ကြောင်း သိရှိရသဖြင့် မြို့နယ် လဝက ဦးစီးအရာရှိ ဦးကျော်နိုင်မှ တိုင်တန်း၍ ရှိတ်အာမက် (ခ)ကျော်သိန်းပါ ၂ ဦး (ဖမ်းမိ)အား ဘားအံမြို့မရဲစခန်း (ပ)၃၆/၂၀၁၈ လဝကအက် ၁၃(၁)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment