ဖားကန့်တွင် မြေစာပုံပြိုကျမှုကြောင့် ငါးဦးသေ၊ သုံးဦး ဒဏ်ရာရ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု၊ ဝှေခါကျေးရွာအနီး အဂ္ဂရတနာ ကျောက်မျက် ကုမ္ပဏီ လုပ်ကွက်ဟောင်းရှိ မြေစာပုံ ပြိုကျ မှုကြောင့်လူ ၅ ဦး သေ၊ ၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၆ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ်တွင် အဂ္ဂရတနာ ကျောက်မျက် ကုမ္ပဏီ လုပ်ကွက်ဟောင်းရှိ မြေစာပုံ၌ ရေမဆေးကျောက် ရှာဖွေနေသူ ၁၀၀ ဦးခန့် ကျောက် ရှာဖွေနေစဉ် မြေစာများ ပြိုကျပိမိပြီး ရေမဆေးကျောက်ရှာဖွေသူ ငါးဦးသေဆုံးခဲ့ကာ သုံးဦး ဒဏ်ရာ(မစိုးရိမ်ရ) ရရှိခဲ့သဖြင့် ဖားကန့်ပြည်သူ့ဆေးရုံ သို့တင်ပို့ခဲ့ကြောင်း သိရသည်။
 
အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ ဖားကန့်မြို့မရဲစခန်း သေမှုသေခင်းအမှတ်စဉ် (၂/၂၀၁၈) ဖြင့် ရေးဖွင့် စစ်ဆေးလျက်ရှိကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment