အနာဂတ် မြန်မာနိုင်ငံတော်ကြီးအား ဦးဆောင်ဦးရွက်ပြုနိုင်ရန် သွန်သင်ဆုံးမပေးနေသည့် ဓမ္မစကူး ဖောင်ဒေးရှင်းကြီး အောင်မြင်ပါစေကြောင်း ဝန်ကြီးချုပ်ဆန္ဒပြု

ဗုဒ္ဓ၏ အဆုံးအမများအောက်တွင် ယဉ်ကျေးလိမ္မသည့် ကလေးငယ်များအဖြစ် အနာဂတ် မြန်မာနိုင်ငံတော်ကြီးအား ဦးဆောင်ဦးရွက်ပြုနိုင်ရန် သွန်သင်ဆုံးမပေးနေသည့် ဓမ္မစကူး ဖောင်ဒေးရှင်းကြီး အောင်မြင်ပါစေကြောင်း ဝန်ကြီးချုပ်ဆန္ဒပြုပါကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောကြားသည်။
 
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်မြို့နယ်၊ အမျိုးသား အားကစားပြိုင်ပွဲရုံ(၁) သုဝဏ္ဏ မိုးလုံလေလုံ အားကစားရုံအတွင်း ကျင်းပသည့် ဓမ္မစကူးလ်ဖောင်ဒေးရှင်း (ဗဟို)၏ (၅)နှစ်ပြည့် နှစ်ပတ်လည်စုံညီပွဲတော် အခမ်းအနားတွင် ဝန်ကြီးချူပ်က ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။
 
“လူ့ဘဝကြီးက အမှန်တရားတစ်ခုကို ရှာဖွေနေကြတာပဲ ဖြစ်ပါတယ်။ ဒီရှာဖွေနေကြတဲ့ အမှန်တရားအားလုံးထဲမှာ ဗုဒ္ဓရဲ့အဆုံးအမ၊ ဗုဒ္ဓရဲ့သင်ကြားမှုဟာ လူသားအားလုံးအတွက် ဘဝရဲ့တကယ့်ကို အမှန်တရားတစ်ခုကို တွေ့နိုင်ပါတယ်။ ဒီတွေ့နိုင်ဖို့အတွက် လူငယ်တွေ၊ မျိုးဆက်သစ်တွေအားလုံးအတွက် ဓမ္မနဲ့အဆုံးအမအောက်မှာ ဘဝကို ယဉ်ကျေးလိမ္မာစွာနဲ့ ရည်မှန်းချက်ပန်းတိုင် ကောင်းတွေအတွက် ဆရာတော်ကြီးများရဲ့ အခုသွန်သင် ဆုံးမနေမှုနဲ့ ဓမ္မစကူးလ်ဖောင်ဒေးရှင်းရဲ့သင်ကြားပေးနေမှုကြောင့် ကျွန်တော်တို့ နိုင်ငံတော်ကြီး ကမ္ဘာ့အလယ်မှာ ရှေ့ဆက် ဝင့်ကြွားစွာ ရပ်တည်နိုင်ဖို့နဲ့ ကမ္ဘာအထိ ဓမ္မစကူးလ်ရဲ့ ဆောင်ရွက်ချက်တွေဟာ ဘာသာတိုင်း၊ လူမျိုးတိုင်း၊ အားလုံးဟာ ဓမ္မမှာမွေ့ပျော်နိုင်ဖို့ဆိုရင် ဓမ္မစကူးလ်ရဲ့သင်ကြားပေးမှုတွေနဲ့ ရှင်သန်ရပ်တည်နိုင်ဖို့ ဓမ္မစကူးလ်ဖောင်ဒေး ရှင်းကြီး အောင်မြင်ပါစေကြောင်း ဆန္ဒပြုပါတယ်” ဟု ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက ပြောသည်။
 
မြန်မာနိုင်ငံတော်ကြီိး ထေရဝါဒဗုဒ္ဓသာသနာ နေလိုလလို ထွန်းလင်းတောက်ပရန် အတွက် ဆရာတော် အရှင်သူမြတ်များ၏ ဦးဆောင်ကြိုးပမ်း ဆောင်ရွက်နေမှုသည် နိုင်ငံတော်အတွက် လွန်စွာမွန်မြတ်လှသည့် အစဉ်အလာဖြစ်ကြောင်း၊ ကဏ္ဍနယ်ပယ်အသီးသီးအတွင်းမှ ဓမ္မစကူးလ် ဖောင်ဒေးရှင်း၏ ကြိုးပမ်း ဆောင်ရွက်နေမှုများကိုလည်း ဝမ်းမြောက်ပီတိပြီး မှတ်တမ်းတင်ပါကြောင်း၊ ဓမ္မစကူးလ်ဖောင်ဒေးရှင်းမှ ဓမ္မနှင့်ပတ်သက်ပြီး နိုင်ငံသူနိုင်ငံသားများ ဓမ္မတွင်မွေ့ပျော်နိုင်ရန် သင်ကြားပေးနေသည့် ဆရာ၊ဆရာမများ အနာဂတ်အတွက် ဗုဒ္ဓ၏ဆိုဆုံးမမှုအောက်တွင် လူသာတိုင်း၏ အမှန်တရားကို ဖော်ဆောင်ပေးနိုင်သည့် ဓမ္မလမ်းစဉ်နှင့် ယဉ်ကျေးလိမ္မာစေရန် မိမိတို့၏ သားသမီးများကို ဓမ္မစကူးလ်ကျောင်းများသို့ ပို့ပေးနေကြသည့် မိဘပြည်သူများကို ကျေးဇူးအထူးတင်ကြောင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဆက်လက် ပြောကြားခဲ့သည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment