ဟာရီကိန်းကို ရီးရဲလ်နဲ့ အပြိုင်ခေါ်ယူလိုနေတဲ့ မန်ယူ

မန်ယူဟာ ရီးရဲလ်မက်ဒရစ်အသင်းက ခေါ်ယူဖို့ ကြိုးစားနေတဲ့ စပါးအသင်းရဲ့ အဓိကတိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ အဆိုပါကစားသမားဟာ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့မယ် ဆိုတဲ့
သတင်းတွေ မကြာခဏ ထွက်ပေါ်နေပြီး ယခုအချိန်ထိတော့ ရီးရဲလ်မက်ဒရစ်က ခေါ်ယူနိုင်ခြင်း မရှိသေးပါဘူး။ ၄င်းကို မန်ယူ၊ ချဲလ်ဆီး အပြင် မန်စီးတီး အစရှိတဲ့ ပရီးမီးယားလိဂ် အသင်းကြီးတွေကပါ အပြိုင်စိတ်ဝင်စား နေတာကြောင့် အဆိုပါကစားသမားရဲ့ ပြောင်းရွှေ့ကြေးတွေဟာ မြင့်တက်လာနိုင်ဖွယ်ရှိတယ်လို့ သတင်းများက ဖော်ပြထားပါတယ်။ ဒါ့အပြင် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ကိန်း ရီးရဲလ်ကို မရောက်ရှိနိုင်ဖို့ သိန်း ၁၇၀ အထိ အသုံးပြုနိုင်တယ်လို့ လည်း The Sun သတင်းစာက ဖော်ပြထားတယ်။
 
စပါးအသင်းရဲ့ နည်းပြကြီးကတော့ ၄င်းကစားသမားနဲ့ ပတ်သက်ပြီးအခုလို ထုတ်ဖော်ပြောကြား ထားပါတယ်။
 
"ကျွန်တော် မျှော်လင့်မိပါတယ်။ ကိန်းဟာ အလွန်ထက်မြတ်တဲ့ ကစားသမားပါ။ သူကျွန်တော်တို့ အသင်းမှာ
ပျော်ရွှင်နေပါတယ်။ သူဒီမှာအကြာကြီးရှိနေပြီး ဂိုးတွေ အများကြီးသွင်းမယ်၊ ဆုဖလားတွေရယူမယ်။ ကျွန်တော် ကတော့ ဒီလိုပဲမျှော်လင့်ပါတယ်။ ကိန်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဈေးသတ်မှတ်ထားတာ မရှိပါဘူး။ သူဒီမှာ ပျော်ရွှင်နေပြီး အကြာကြီးရှိနေဦးမှာပါ" လို့ ကိန်း အပေါ် သူ့ရဲ့ သဘောထားကို ထုတ်ဖော်ပြောကြား ထားပါတယ်။
 
ဟာရီကိန်းဟာ စပါးအသင်းကို မရောက်ခင်က လက်စတာစီးတီး၊ နောဝှစ်စီးတီး အစရှိတဲ့ အသင်းတွေမှာ အငှားနဲ့ သွားရောက်ကစားဖူးပြီး ၂၀၁၁ ခုနှစ် သြဂုတ် ၂၅ ရက်နေ့မှ အငှားစာချုပ် လွတ်မြောက်ပြီး စပါးအသင်းကို ပြန်လည် ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။ ယခုအခါမှာတော့ စပါးအသင်းရဲ့ အဓိက တိုက်စစ်မှူး ကြယ်ပွင့်ကစားသမား တစ်ဦးဖြစ်နေပြီး ဒီရာသီမှာ စပါးအသင်းအတွက် အရေးပါတဲ့ ဂိုးတွေကို သွင်းယူပေးထားနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
 
၎င်းဟာ အသက် ၂၁ အရွယ်မှာပင် PFA Young Player Of The Year ဆုတွေကို ရရှိပိုင်ဆိုင်ထားသူဖြစ်ပြီး ပြိုင်ဆိုင်မှုအားပြင်းထန်လွန်းလှတဲ့ ပရီးမီးယားလိဂ်မှာတောင် Premier League Player Of The Month ကို ၅ ကြိမ်တိုင်တိုင် ဆွတ်ခူးထားနိုင်တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment