ကယ်လီဖိုးနီးယား သမိုင်းတွင် ပဉ္စမမြောက် အဆိုးရွားဆုံး တောမီး လောင်ကျွမ်းမှု ဖြစ်ပွားနေ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားတွင် လောင်ကျွမ်းနေသည့် တောမီးမှာ ပိုမို ဆိုးရွာလာခဲ့ပြီး ကယ်လီဖိုးနီးယား ပြည်နယ် သမိုင်းတွင် ပဉ္စမမြောက် အဆိုးရွာဆုံး တောမီးလောင်ကျွမ်း မှုအဖြစ် မှတ်တမ်း ၀င်သွား ခဲ့သည်။ အဆိုပါ တောမီးမှာ ပြီးခဲ့သည့် သီတင်းပတ် တနင်္လာနေ့ ကတည်းက စတင် လောင်ကျွမ်းခဲ့ခြင်းဖြစ်ကာ ယမန်နေ့ တနင်္ဂနွေနေ့ တွင် တောရိုင်းဧကပေါင်း နှစ်သိန်းသုံးသောင်းကျော်အထိ လောင်ကျွမ်း ပျက်စီး ခဲ့သည်ဟု သတင်းများက ဖော်ပြသည်။
 
တောမီးလောင်မှုကို ၁၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းအထိသာ လျှော့ချ နိုင်ခဲ့သည်ဟုလည်း သိရသည်။ ပြည်နယ်အတွင်းရှိ စင်တာ ဘာဗရာ ကောင်တီမှ ဒေသခံ ငါးထောင်ကို အရေးပေါ် ရွှေ့ပြောင်း ပေးခဲ့ရသလို ပြီးခဲ့သည့် တနင်္လာနေ့မှစကာ ကယ်လီဖိုးနီးယား တောင်ပိုင်းတစ်လျှောက် လူပေါင်း နှစ်သိန်းကျော်က အိမ်ရာများကို စွန့်ခွာ သွားခဲ့ရသည်ဟုလည်း သိရသည်။
 
အဆိုပါတောမီးကို လေယာဉ်များဖြင့် ငြှိမ်းသတ်မှုအပါအ၀င် မီးသတ်သမားပေါင်း ၅၇၇၀ ဦးက မီးသတ်တပ်ဖွဲ့ငယ် တစ်ရာ ဖွဲ့စည်း ငြှိမ်းသတ်နေသော်လည်း သစ်တောအတွင်း တောထူထပ်ကာ လောင်ဆာ ကောင်းမွန်နေခြင်းကြောင့် တောမီးလောင်မှုကို ထိန်းချုပ်နိုင်ရန် ခက်ခဲနေ ကြောင်းလည်း သိရသည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment