FA ဘောလုံးအဖွဲ့ချုပ်က ပေါ့ဘာကို သုံးပွဲပယ် ပြစ်ဒဏ်ချမှတ်

Premier Leaguage ဘောလုံးအဖွဲ့ချုပ် FA က မန်ယူကစားသမား ပေါ့ဘာကို ၄င်းတို့၏ စည်းမျဉ်း စည်းကမ်းများအရ ပရီးမီးယားလိဂ်ပွဲစဉ် သုံးပွဲကို ကစားခွင့် ပိတ်ပင်လိုက်ပြီဖြစ်ကြောင်း သိရသည်။
 
ပေါ့ဘာသည် စနေနေ့ညတွင် ယှဉ်ပြိုင်ကစားခဲ့သည့် အာဆင်နယ် အသင်းကို အနိုင်ရရှိခဲ့သည့် ပွဲတွင် အာဆင်နယ် နောက်ခံလူ ဘယ်လာရင်၏ ခြေထောက်ကို နင်းမိသည့် အတွက် ဒိုင်လူကြီး အန်ဒါမာရီနာက ပေါ့ဘာကို အနီကဒ်ပြ၍ ထုတ်ပယ်ခဲ့ခြင်း ဖြစ်သည်။ အာဆင်နယ်အသင်း၏ တိုက်စစ်မှူး ဂီရော့စ်နှင့် လာကာဇက်တို့က ပွဲစဉ်အပြီးတွင် ပေါ့ဘာမှ ၄င်း၏ အပြစ်ကို ဘယ်လာရင်ထံ၌ တောင်းပန်ခဲ့ကြောင်း ပြောကြားခဲ့သည်။
 
ဘယ်လာရင်ကလည်း ပေါ့ဘာ၏ လုပ်ရက်မှာ မတော်တဆသာ ဖြစ်ခဲ့ခြင်းဖြစ်ကြောင်း ထပ်မံပြောကြားထားသည်။
 
ပေါ့ဘာကို FA မှ ၃ ပွဲပယ် ပြစ်ဒဏ် ချမှတ်ထားခြင်းကြောင့် ပေါ့ဘာသည် လာမည့် ပွဲစဉ်များဖြစ်သည့် မန်စီးတီး၊ ဘုန်းမောက်၊ ၀က်ဘရွန်း တို့နှင့် ယှဉ်ပြိုင်ကစားရမည့် ပွဲစဉ်များကို လွဲချော်ရမည် ဖြစ်သည်။
 
ပေါ့ဘာသည် ယခုနှစ်ရာသီတွင် မန်ယူအသင်းတွင် အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားပြီး ပရိသတ်များ၏ ချစ်ခင်အားပေးမှုကို ရရှိထားသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment