သမိုင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲတွင် အများဆုံး ကာကွယ်နိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့တဲ့ "ဒီဂီယာ"

မန်ယူဂိုးသမား ဒီဂီယာသည် မန်ယူမှ အာဆင်နယ်အသင်းကို ၁ - ၃ ဖြင့် အနိုင်ရရှိခဲ့သောပွဲတွင် အံ့သြဖွယ်ရာ ဂိုးပေါက်ကာကွယ်မှုများကို ၁၄ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့သည်။
 
အဆိုပါပွဲစဉ်တွင် ၁၄ ကြိမ်တိုင်တိုင် အကောင်းဆုံး ကာကွယ်နိုင်ခဲ့ မှုကြောင့် ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် ပွဲစဉ်တစ်ပွဲတွင် အများဆုံး ကာကွယ်နိုင်သူအဖြစ် တင်မ်ခရူး၊ ဗစ်တိုမာနိုနေး တို့နှင့် အတူ ရပ်တည်လျက်ရှိကြောင်း သိရှိရသည်။
 
ဒီဂီယာသည် ၂၀၁၁ ခုနှစ်ကပင် အက်သလက်တီကို အသင်းမှ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး မန်ယူတွင် အဓိက ဂိုးသမားအဖြစ် ရပ်တည်လျက်ရှိသည့် ကစားသမားတစ်ဦးလည်း ဖြစ်သည်။
 
The Ladies News

 

Vote: 
No votes yet

Add new comment