ငြိမ်းချမ်းရေးဂီတပွဲတော် ၂ဝ၁၇ သီချင်းဆိုပြိုင်ပွဲ Grand Final ဒီဇင်ဘာ ၁၀ ရက်တွင် ကျင်းပမည်

ငြိမ်းချမ်းရေးဂီတပွဲတော် ၂ဝ၁၇ သီချင်းဆိုပြိုင်ပွဲ Grand Final ကို ဒီဇင်ဘာ ၁၀ ရက်နေ့တွင် ရန်ကုန်မြို့၊ ပြည်သူ့ဥယျာဉ်၌ ကျင်းပပြုလုပ် မည် ဖြစ်ကြောင်း သိရသည်။
 
ငြိမ်းချမ်းရေးဂီတပွဲတော် Level-3 ပွဲစဉ် (၄)တွင် ပြိုင်ပွဲဝင် ငါးဦးဖြစ်သည့် ဖြူလှ၊ မေသဇင်၊ SaPaung၊ ကြူကြူခိုင်နှင့် မေသူကျော်တို့ ယှဉ်ပြိုင်ခဲ့ကြပြီး ပရိသတ်များ၏ Voting အနည်းဆုံး သုံးဦးပေါ်ထွက် လာကာ ၄င်းသုံးဦးထဲမှ ဒိုင်များ၏ ပေးမှတ်တူသူ နှစ်ဦး Save ဖြစ်ကာ ကြူကြူခိုင်၊ ဖြူလှ၊ Sa Paung ၊ မေသူကျော်တို့ မှာ Grand Final သို့ တက်ရောက်သွားခဲ့သည်။
 
Grand Final ပွဲတွင် နိုင်ငံကျော် အဆိုတော် များ၏ သီဆိုဖျော်ဖြေမှု များလည်း ပါဝင်မည်ဖြစ်သည်။ ငြိမ်းချမ်းရေး ဂီတပွဲတော် ၂ဝ၁၇ သီချင်းဆိုပြိုင်ပွဲများကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV မှ တိုက်ရိုက်ထုတ်လွှင့်ပေး လျက်ရှိပြီး MRTV Facebook စာမျက်နှာ www.facebook.com/mrtvwebmediaportal နှင့် Peace Music Festival Facebook စာမျက်နှာ www.facebook.com/ peacemusicfestival တို့မှလည်း တိုက်ရိုက် ကြည့်ရှုနိုင်ကြောင်း သိရသည်။
 
ငြိမ်းချမ်းရေး ဂီတပွဲတော် ပြိုင်ပွဲအတွက် ပထမဆု ငွေကျပ် သိန်း ၃ဝဝ ၊ ဒုတိယဆုငွေကျပ် သိန်း ၂ဝဝ ၊ တတိယဆု ငွေကျပ် သိန်း ၁ဝဝ၊ စတုတ္ထဆုငွေကျပ် သိန်း ၅ဝ တို့ ဖြစ်ပြီး Level-3 သို့ တက်လှမ်းလာ သည့် ပြိုင်ပွဲဝင် ၁၁ ဦးထဲမှ ကျန် ခုနစ်ဦးကို နှစ်သိမ့်ဆုများအဖြစ် တစ်ဦးလျှင် ငွေကျပ် သိန်း ၃ဝ စီ ဆုချီးမြှင့်ပေးမည် ဖြစ်ကြောင်းလည်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment