ထိုင်းတွင် ပြုလုပ်မည့် M-150 Cup ဖိတ်ခေါ်ပြိုင်ပွဲအတွက် မြန်မာယူ-၂၃ အသင်းကို ပဏာမ ကစားသမား ၂၆ ဦးဖြင့်ဖွဲ့စည်း၊ ထိုင်း၊ ဗီယက်နမ် တို့နှင့် တစ်အုပ်စုတည်း ကျ

ဒီဇင်ဘာလတွင် ထိုင်းနိုင်ငံ၌ ကျင်းပမည့် M-150 Cup ထိုင်း ယူ-၂၃ ဖိတ်ခေါ်ပြိုင်ပွဲ ယှဉ်ပြိုင်ရန် မြန်မာယူ-၂၃ အသင်းကို ပဏာမ ကစား သမား ၂၆ ဦးဖြင့် ဖွဲ့စည်းလိုက်ပြီဖြစ်ကြောင်း MFF ထံက သိရသည်။
 
မြန်မာယူ-၂၃ အသင်းတွင် (၂၉)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့ သည့် ယူ-၂၂ အသင်းမှ ကစားသမား အများစု ပါဝင်လာပြီး နည်းပြချုပ် အဖြစ် ဂတ်ဖရိုင်းဒရစ်က ကိုင်တွယ်မည်ဖြစ်သည်။ မြန်မာ့လက်ရွေးစင် အသင်း နည်းပြချုပ် ဂတ်ဖရိုင်းဒရစ်သည် ဆီးဂိမ်းပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် ကစားသမား အများ စုကို အခြေခံကာ ယူ-၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲ ယှဉ်ပြိုင်ခဲ့သည့် အသင်းမှ ကစားသမားများ၊ ယခုနှစ်အတွင်း ဖွဲ့စည်း ခဲ့သည့် ယူ-၁၈ အသင်းမှ ကစားသမား အချို့နှင့် ပေါင်းစပ် ဖွဲ့စည်း ထားခြင်း ဖြစ်သည်။ မြန်မာယူ-၂၃ အသင်းသည် နိုဝင်ဘာ ၆ ရက်(ယနေ့) တွင် စတင်လေ့ကျင့် မည်ဖြစ်ပြီး အာရှ ဖလားခြေစစ်ပွဲ ယှဉ်ပြိုင်မည့် မြန်မာ့လက်ရွေးစင် အသင်းတွင် ရွေးချယ် ခံထားရသည့် နည်းပြ များနှင့် ကစားသမားများမှာ အိန္ဒိယနှင့် ပွဲပြီးမှသာ အသင်းနှင့် ပူးပေါင်းနိုင်မည်ဖြစ်သည်။
 
မြန်မာယူ-၂၃ အသင်းတွင် အောင်သူ၊ သန်းပိုင်၊ ရန်နိုင်ဦး၊ မောင်မောင် လွင်၊ စည်သူ အောင်၊ သီဟ ထက်အောင်စသည့် လက်ရွေးစင် ကစား သမားများ ပါဝင်လာပြီး ယူ-၁၈ အသင်းမှ ဝင်းနိုင်ထွန်း၊ ပြည့်စုံနိုင်၊ စိုးမိုးကျော်နှင့် လွင်မိုးအောင် တို့ကို အတွေ့အကြုံရစေရန် ရွေးချယ် ထားကာ ဒဏ်ရာမှပြန်လည် ကောင်းမွန် လာသည့် ငြိမ်းချမ်းအောင်နှင့် ကျော်မင်းဦး တို့ကိုလည်း ရွေးချယ်ထားသည်။
 
မြန်မာယူ-၂၃ အသင်းသည် ဒီဇင်ဘာ ၇ ရက်မှ ၁၃ ရက်အထိကျင်းပမည့် M-150 Cup ထိုင်းယူ-၂၃ ဖိတ်ခေါ် ပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်မည် ဖြစ်ပြီး အုပ်စု(ခ)တွင် ထိုင်း၊ ဗီယက်နမ် အသင်းတို့နှင့် တစ်အုပ်စုတည်း ကျရောက် နေကာ အုပ်စု(က)တွင် ဂျပန်၊ မြောက်ကိုရီးယား၊ ဥဇဘက် ကစ္စတန် အသင်းတို့ ပါဝင်လျက်ရှိသည်။
 
မြန်မာ ယူ-၂၃ အသင်းတွင် နည်းပြချုပ် အဖြစ် ဂတ်ဖရိုင်းဒရစ်(ဂျာမနီ)၊ လက်ထောက်နည်းပြ- ပိုပေါ့စကီး (မက်ဆီဒိုး နီးယား)၊ ဦးမြင့်ကို(ရတနာပုံ)၊ ဂိုးနည်းပြ- ဦးအောင်ကျော်ကျော်၊ အားကစားသမား များအဖြစ် ဂိုးသမား- ဆန်းဆက်နိုင် (ရန်ကုန်)၊ ပြည့်စုံချစ်(ရတနာပုံ)၊ နောက်တန်း-နန်းဝေမင်း၊ မင်းကျော်ခန့်(ရန်ကုန်)၊ မျိုးကိုထွန်း၊ ကျော်သက်ဦး(ရတနာပုံ)၊ ဟိန်းသီဟဇော်၊ ထိုက်ထိုက်အောင်၊ လှိုင်မျိုးအောင်(ရှမ်းယူနိုက်တက်)၊ သီဟ ထက်အောင် (ချင်းယူနိုက်တက်)၊ ဝင်းမိုးကျော်(မကွေး)၊ စိုးမိုးကျော်(အား/ကာသိပ္ပံ)၊ အလယ်တန်း- စည်သူ အောင်၊ လှိုင်းဘိုဘို(ရတနာပုံ)၊ လွင်မိုးအောင်(အား/ကာသိပ္ပံ)၊ ရန်နိုင်ဦး(ရှမ်းယူနိုက်တက်)၊ ကျော်မင်းဦး၊ ငြိမ်းချမ်း အောင် (ရန်ကုန်)၊ စွမ်းထက်အောင်(မကွေး)၊ မောင်မောင်လွင်(ဟံသာဝတီ)၊ ရန်ပိုင်စိုး(ဧရာဝတီ)၊ ရှေ့တန်း-အောင်သူ(ရတနာပုံ)၊ အောင်ကောင်းမာန်(ဧရာဝတီ)၊ သန်းပိုင်(ချင်းယူနိုက်တက်)၊ ဝင်းနိုင်ထွန်းနှင့် ပြည့်စုံနိုင် (MFF Youth) တို့ ပါဝင်ကြသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment