ဟောလိုးဝင်းကာလမှာ Lil’ Kim နဲ့ဆင်တူ ဝတ်ဆင်ဖူးတာတွေနဲ့ ဂုဏ်ပြုလိုက်တဲ့ အဆိုတော် ဘီယွန်းစေး

နာမည်ကျော် အဆိုတော် ဘီယွန်းစေးက ယခုနှစ် ဟောလိုဝင်းကာလကို သူအားကျရသော အဆိုတော် Lil’ Kim နှင့်ပုံစံတူ ဝတ်စုံများကို ဝတ်ဆင် ခဲ့ပုံကို ထုတ်ဖော်ပြသခဲ့သည်။ ဘီယွန်းစေးက သူလေးစားရသည့် ရက်ပ်ပါ Lil’ Kim နှင့် ပုံစံတူ ဝတ်စုံကို ငါးကြိမ် ဝတ်ဆင်ခဲ့ပြီးဖြစ်ကြောင်း ပြသ လိုက်ခြင်းလည်း ဖြစ်သည်။
 
အသက် ၃၆ နှစ်အရွယ် Queen Bey ဟု ခေါ်သော ဘီယွန်းစေးက သူ၏ ၀က်ဘ်ဆိုက်တွင် အားလပ်ရက် ကာလ များတွင် ရိုက်ကူးထားခဲ့သော အလှသွေးကြွယ်သည့် ဓါတ်ပုံများကို ဝေမျှခဲ့သည်။ ထို့ပြင် သူက “ဟော လိုးဝင်း ၂၀၁၇၊ Lil’ Kim အတွက် ဂုဏ်ပြုပါတယ်၊ ဟစ်ဟော့ပ် ကမ္ဘာဟာ ကျွန်မတို့ရဲ့ မူရင်း Queen B မရှိရင် မတူနိုင်ပါဘူး” ဟု ရေးသားခဲ့သည်။
 
ထိုအခါ မူရင် Queen B ကလည်း ကြိုက်နှစ်သက်ကြောင်း ဖော်ပြခဲ့သည်။ Lil’ Kim ကလည်း တွစ်တာတွင် ယခုလိုမျိုး ပြန်လည် ရေးသားခဲ့သည်။ ၄င်းက “ကျွန်မ ပြောစရာစကား မရှိအောင် ဆွံ့အသွားပြီးတော့ ဂုဏ်ယူ မိပါတယ်” ဟု ပြန်လည် ရေးသားခဲ့သည်။
 
People
ဘာသာပြန်ဆိုသူ - မစ်ကီ
The Ladies News

 

Vote: 
No votes yet

Add new comment