အိုစမာဘင်လာဒင်၏သားကို အယ်လ်ကိုင်ဒါ တစ်ဦးအဖြစ် စီအိုင်အေ ဗီဒီယိုတွင် မြင်တွေ့ခဲ့ကြရ

ကွယ်လွန်သူ အကြမ်းဖက်သမား အိုစမာဘင်လာဒင်၏ အချစ်ဆုံးသားဖြစ် သူ ဟမ်ဇာ ဘင်လာဒင် ကို အယ်လ်ကိုင်ဒါ အဖွဲ့၏ တက်သစ်စကြယ်ပွင့် တစ်ဦးအနေဖြင့် စီအိုင်အေက ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ခဲ့သော ဗီဒီယိုဖိုင် ထဲတွင် မြင်တွေ့ခဲ့ကြရသည်။ ဟမ်ဇာသည် မကြာသေးမီနှစ်များအတွင်း အယ်လ်ကိုင်ဒါ အဖွဲ့၏ ဝါဒဖြန့်ချိရေး ကြိုးပမ်းမှုများတွင် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်ခဲ့သော်လည်း လူထုရှေ့မှောက်မှ ပျောက်ကွယ် နေခဲ့ရသည်။ ၄င်း၏ ဖခင်ကဲ့သို့ပင် တိုက်ရေးခိုက်ရေးကို ဆောင်ကျဉ်းလာသည်။ စီအိုင်အေမှ ထုတ်ပြန်လိုက်သော ဗီဒီယိုများထဲ တွင် အကြမ်းဖက်အဖွဲ့ကြီး၏ ထိပ်တန်းခေါင်းဆောင်သူများက အကြမ်း ဖက်ဝါဒနှင့် ဝါဒဖြန့်ချိရေးအတွက် အဓိကကြိုးကိုင် တစ်ဦးအဖြစ် ကွယ် လွန်သူ ဖခင်ကြီး၏ နေရာကို ယူရန် ထိုလူငယ်လေးကို သင်ကြား ပေးထားကြောင်း ပြသနေသည်။
 
အဆိုပါ ဗီဒီယိုသည် ၂၀၁၁ ခုနှစ်က အိုစမာဘင်လာဒင်၏ ခြံဝန်း အတွင်း သို့ စီးနင်းတိုက်ခိုက်ခဲ့ချိန်အတွင်း ရိုက်ကူး ထားခဲ့သော ဗီဒီယိုစုစည်းမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။ စီအိုင်အေက ထုတ်ပြန်လိုက်သော ယင်းဗီဒီယိုများနှင့် အချက်အလက်များကို ဒီမိုကရေစီ ကာကွယ်ရေး ဖောင်ဒေးရှင်းက အသေးစိတ် လေ့လာလျက်ရှိသည်။ ဖောင်ဒေးရှင်းမှ အကြီးတန်းပညာရှင် ဘီလ် ရို့ဂီယိုက “ဗီဒီယိုထဲမှာ သူဟာ အကြီးတန်း ဦးဆောင်မှု အခန်းကဏ္ဍ အတွက် လေ့ကျင့်ခံထားရတယ် ဆိုတာ အရမ်းထင်ရှားပါတယ်၊ ဒီဗီဒီယိုထဲမှာ သူ့ကို ထိပ်တန်း အယ်လ်ကိုင်ဒါ ခေါင်းဆောင်တွေနဲ့အတူ ရှိနေခဲ့ပါတယ်၊ ထိပ်တန်း အယ်လ်ကိုင်ဒါ ခေါင်း ဆောင်းတွေရဲ့ ဂရုစိုက်မှုကိုလည်း ရရှိထားပါတယ်၊ သူ့ကို့ လူငယ်လေး တစ်ဦးအနေနဲ့ မြင်တွေ့ရတာကတော့ ဒါပထမဆုံး အကြိမ်ပါပဲ” ဟု Newsweek သို့ ပြောကြားခဲ့သည်။
 
ဟမ်ဇာ၏ မိခင်ဖြစ်သူမှာ ဘင်လာဒင်၏ အချစ်ဆုံးဇနီး ခါအီရာ ဆာဘာ ဖြစ်သည်။ ဘင်လာဒင်၏ ရှည်လျားသော ဝါဒဖြန့်ချိရေး မိန့်ခွန်းများစွာကို ပြောကြားနိုင်ရန် ကူညီိခဲ့သည့် အကြံပေးတစ်ဦးလည်း ဖြစ်သည်။ ထိုအယ်လ်ကိုင်ဒါ အဓိပတိကြီးနှစ်ဦး၏ မျိုးဆက်သစ်ရင်သွေးသည် ကမ္ဘာလုံးဆိုင်ရာ ဂျီဟတ်လှုပ်ရှားမှုကို ပေါင်းစည်းစေနိုင်သော ရှားရှား ပါးပါး ခေါင်းဆောင်တစ်ဦး ဖြစ်လာရန် တာဆူနေပြီဖြစ်ကြောင်း ကျွမ်းကျင် သူများက ပြောကြားထားသည်။
 
Newsweek
ဘာသာပြန်ဆိုသူ - မစ်ကီ
The Ladies News
 

 

Vote: 
Average: 1 (1 vote)

Add new comment