ISIS များကခြိမ်းခြောက်သူများထဲတွင် နေမာနှင့် ပြင်သစ်နည်းပြ ဒက်စ်ချမ့်တို့  ပါဝင်လာ

၂၀၁၈ ရုရှားကမ္ဘာ့ ဖလားပြိုင်ပွဲကို မီးလောင်တိုက်သွင်းမည်ဟု ခြိမ်းခြောက်ထားသည့်အစ္စလာမ်မစ်အစွန်းရောက် ISIS များသည်ယခုအခါကမ္ဘာကျော်
ဘောလုံးသမားတစ်ဦးဖြစ်သည့် ဘရာဇီးတိုက်စစ်မှုးနေမာနှင့်ပြင်သစ်လက်ရွှေးစင်အသင်းနည်းပြ ဒက်စ်ချမ့် တို့ ကိုပါ ထည့်သွင်းခြိမ်းခြောက်
လာပြီဖြစ်ကြောင်းသိရသည်။

အသစ်ထွက်ပေါ်လာသည့် ခြိမ်းခြောက်မှု့ တွင် နေမာ၊ ဒက်စ်ချမ့်တို့ ကို Adobe Photoshop နည်းပညာသုံးကာ ပုံဖော်ဖန်တီးထားပြီး နေမာ၊ဘာစီလိုနာနှင့် အာဂျင်တီးနား တိုက်စစ်မှုး မက်ဆီတို့ ကို ခေါင်းဖြတ်သတ်ကာနီးပုံစံဖြင့်ပုံဖော်ထားသည်။အလားတူ ပြင်သစ်လက်ရွှေးစင်အသင်းနည်းပြ ဒက်စ်ချမ့် ကို လက်ထိပ်ခတ်၊ သေနတ်ဖြင့်ချိန်ထားကာ အလ္လာ၏ရန်သူတော်အဖြစ် စာတမ်းရေးထိုးထားသည်။ ဘရာဇီးနှင့် ပြင်သစ်နှစ်သင်းစလုံးသည် ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ထားသည်။

ပြီးခဲ့သည့် သီတင်းပတ်အတွင်းကလည်း ISIS များက ရုရှားကမ္ဘာ့ ဖလားပြိုင်ပွဲ၊ အမေရိကန်နှင့် ဥရောပတို့ တွင် တိုက်ခိုက်မှု့ များပြုလုပ်မည်ဟုခြိမ်းခြောက်ထားသည့် ရုပ်ပုံပိုစတာများကို ဖြန့် ဝေခဲ့သည်။ မက်ဆီကိုလည်းအချုပ်ခန်းသံတိုင်များနောက်တွင် သွေးမျက်ရည်ကျနေသည့်ပုံဖြင့် ခြိမ်းခြောက်ခဲ့ရာရုရှားဆိုင်ရာ အာဂျင်တီးနားသံအမတ်ကြီး ရီကာဒိုလာဂိုရီယို က မက်ဆီနှင့် ၄င်း၏မိသားစု အတွက်စိတ်မကောင်းကြောင်း၊ ခြိမ်းခြောက်မှု့ များရှိနေသော်လည်း ရုရှားကမ္ဘာ့ဖလားပြိုင်ပွဲ လုံခြုံစိတ်ချရမည်ဟု ယုံကြည်ကြောင်း၊ လိုအပ်သည့်လုံခြုံရေးကို ရုရှားဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းတုံ့ ပြန်ခဲ့သည်။

ဆီးရီးယားနှင့်အီရတ်တို့ တွင်ရုရှားတပ်များကတိုက်ခိုက်မှု့ များပြုလုပ်ခဲ့ခြင်းကြောင့် ၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ISIS များက ပစ်မှတ်ထားနေသည်။၂၀၁၈ ကမ္ဘာ့ ဖလားပြိုင်ပွဲကို ရုရှားနိုင်ငံရှိ မြို့ ကြီး ၁၁ မြို့ တွင် ၂၀၁၈ ဇွန် ၁၄ မှ ဇုလိုင် ၁၅ အထိ ကျင်းပသွားမည် ဖြစ်သည်။

The Ladies News

 

Vote: 
No votes yet

Add new comment