တရားမ၀င် ငါးပစ်ဂိမ်းလောင်းကစားစက်များ သိမ်းဆည်းရမိ

ပြည်ကြီးတံခွန်မြို့နယ်၊ တွင် တရားမ၀င် ငါးပစ်ဂိမ်း လောင်းကစား စက်များကို သိမ်းဆည်းကာ အရေးယူမှုများ ပြုလုပ်လျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီး ရဲတပ်ဖွဲ့ထံက သိရသည်။
 
ဖြစ်စဉ်မှာ စက်တင်ဘာ ၂၄ ရက် ညနေ ၃ နာရီအချိန် ပုသိမ်ကြီးမြို့နယ် ရဲတပ်ဖွဲ့မှူး၊ ပုသိမ်ကြီးမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေးဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ စက်မှုနယ်မြေ ရဲစခန်းမှူးနှင့် တပ်ဖွဲ့ဝင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ သတင်းအရ ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ ၆၅ လမ်း၊ သခင်ဖိုးလကြီးလမ်းနှင့် စံပြလမ်းကြား၊ (နန-၂၀/၈၆) နေအိမ်အတွင်း ၀င်ရောက်ရှာဖွေရာ မင်းလွင် ၃၉ နှစ်အား လောင်းကစား ပြုလုပ်ရာတွင် အသုံးပြုသည့် ငါးပစ်ဂိမ်းစက် ၃ လုံးနှင့်အတူ တွေ့ရှိဖမ်းဆီးရမိပြီး မင်းလွင်အား လည်းကောင်း၊ ပြည်ကြီးတံခွန် မြို့နယ်ရဲတပ်ဖွဲ့မှူး ချမ်းမြသာစည် မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မန္တလေးခရိုင် မှုခင်းနှိမ်နင်းရေး ဌာနစိတ်မှ တပ်ဖွဲ့ဝင်များ၊ မန္တလေးခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ တပ်ဖွဲ့ဝင်များ၊ စက်မှုနယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်တို့ ပါဝင်သော ပူးပေါင်းအဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်၊ (ဇ)ရပ်ကွက်၊ စံပြလမ်း၊ ၆၇x၆၈ လမ်းကြား၊ (နန-၂၂/၆၁)ရှိ အဆောက်အဦ အတွင်းသို့ ၀င်ရောက်ရှာဖွေရာ စိုးစူးရွှင် ၅၁ နှစ်နှင့် ဆိုင်မန်နေဂျာ မဇာဇာ ၂၅ နှစ်တို့အား တရားမ၀င် ငါးပစ်ဂိမ်းလောင်းကစား စက် ၄ လုံး၊ လောင်းကြေးငွေ ၂၅၈၀၀၀ ကျပ်၊ ဆက်စပ်ပစ္စည်းများနှင့်အတူတွေ့ရှိ သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
 
ယင်းသို့ တရားမ၀င် လောင်းကစားစက်များ သိမ်းဆည်းရမိခဲ့မှုအတွက် စက်မှုနယ်မြေ ရဲစခန်းတွင် အမှုဖွင့် စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း သိရသည်။
 
The Ladies News
 

 

Vote: 
No votes yet

Add new comment