တောင်တွင်းကြီး ဆူပူအကြမ်းဖက်သူများထံတွင် ဖျက်ဆီးမည့် နေအိမ်စာရင်းများ ပါဝင်ပြီး မိုလ်ဘိုင်းဖုန်း ဆိုင်တစ်ဆိုင် ဖျက်ဆီးခံရ

တောင်တွင်းကြီးမြို့ တွင် ဆူပူအကြမ်းဖက်မှုများ ပြုလုပ်ခဲ့သော သူများထံတွင် ၄င်းတို့ဖျက်ဆီးမည့် နေအိမ်စာရင်းများ ပါဝင်ကြောင်း  တောင်တွင်းကြီးမြို့ စန္ဒာသူရိယ ကျန်းမာ၊ ပညာကူညီရေးအသင်းမှ ဦးအောင်ကျော်ကျော်က The Ladies News သို့ပြောကြားသည်။

တောင်တွင်းကြီးမြို့ တွင် စက်တင်ဘာ ၇ ရက် ည ၇နာရီကျော်အချိန်က ဆူပူ အကြမ်းဖက်မှု များဖြစ်ပွားခဲ့ပြီး မိုလ်ဘိုင်းဖုန်းဆိုင်တစ်ဆိုင် အဖျက်ဆီးခံရကြောင်းလည်း သိရသည်။

"နောက်ကွယ်ကနေ စနစ်တကျ ကိုင်တွယ်ပြီးတော့ ခိုင်းစေတဲ့ လူတစ်ယောက်တော့ ရှိတယ်ဗျ။ ခိုင်းစေတဲ့ အဖွဲ့အစည်းတစ်ခု ရှိနိုင်တယ်လို့ ထင်တယ်။ ဘာကြောင့်လည်းဆိုတော့ လူအုပ်စုလိုက်လာပြီးတော့ တစ်အိမ်ပြီး တစ်အိမ် ဖျက်သွားမယ် ဆိုတဲ့ဟာ၊ သူတို့မှာ နာမည်စာရင်းပါလာတယ်ဗျ။ ဘယ်အိမ်ပြီး ဘယ်အိမ်သွားမယ်၊ ဘယ်အိမ်ပြီး ဘယ်အိမ် သွားမယ်ဆိုပြီး စာရွက်ကိုင်ပြီး နာမည်စာရင်းနဲ့ အော်နေတဲ့ ပုံအရတော့ စနစ်တကျ
အစည်းအဝေးထိုင်တယ်၊ စနစ်တကျ တိုင်ပင်ပြီးမှ လုပ်နေတဲ့ပုံလို့ ကျွန်တော်မြင်တယ်` ဟု ၄င်းကပြောကြားသည်။

ဆူပူအကြမ်းဖက်မှုပြုလုပ်သူများသည် မြို့၏ အနောက်ဘက်မှ စတင်ကာ တုတ်၊ ဓါး လက်နက် ကိုင်၍အုပ်စုလိုက်ချီတက်လာပြီး အများစုမှာ မျက်နှာများကို လက်ကိုင်ပုဝါများဖြင့် အုပ်ထားကြောင်းနှင့် လမ်းဘေးရှိ နေအိမ်များကို လေးဂွဖြင့်ပစ်ခြင်း၊ ခဲဖြင့်ထုခြင်း၊ မိုလ်ဘိုင်းဖုန်း ဆိုင်တစ်ဆိုင်ကို ၀င်ရောက်ဖျက်ဆီးခြင်းများပြုလုပ်ခဲ့သည်ဟု ဦးအောင်ကျော်ကျော် က ၄င်း မြင်တွေ့ခဲ့ရသည်များကို  The Ladies News သို့ပြောကြား သည်။

" မြိုံ့ ရဲ အနောက်ဘက်နားကနေပြီး အုပ်စုလိုက် တုတ်၊ ဓါးလက်နက်ကိုင်ဆောင်ပြီးတော့ ချီတက်လာတယ်။ မျက်နှာတွေကို မမြင်ရအောင် လက်ကိုင်ပ၀ါနဲ့  အုပ်ထားတယ်။ အကျီ်ချွတ်ထားတဲ့ သူက များတယ်။ လမ်းဘေးမှာရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေရဲ့ အိမ်မှန်သမျှကို အပြင်ကနေပြီး ခဲနဲ့ ထုတာတို့၊ လောက်လေးနဲ့  ပစ်တာတို့၊ အပြင်မှာထားတဲ့ ပစ္စည်းတွေကို ရိုက်နှက်ပြီး ဖျက်ဆီးသွားတာ ရှိတယ်။ ကြီးကြီးမားမား ပျက်စီးသွားတာရယ်
လို့ အများကြီး မရှိဘူး ဒါပေမယ့် လှိုင်သစ်ဆိုတဲ့ မိုလ်ဘိုင်းဆိုင် တစ်ဆိုင်ကိုတော့ သူတို့ ၀င်ဖျက်သွားတယ်၊ အထဲမှာ ရှိတဲ့ သိန်း ၅၀ကျော် တန်ဖိုးရှိတဲ့ တယ်လီဖုန်းတွေ ယူသွားကြ တယ်" ဟု ၄င်းကပြောသည်။

တောင်တွင်းကြီးမြိုံ ပဋိပက္ခဖြစ်စဉ်နှင့် ပတ်သတ်ပြီး  ဖြစ်စဉ်တွင် ထိခိုက်မှုမရှိခဲ့ဘဲ ခဲဖြင့် ပစ်ပေါက်သည့် အဖွဲ့ မှ မောင်းတိုင် (၂) ရပ်ကွက်တွင် နေထိုင်သူ ကိုကိုလင်း ၃၀နှစ် (အဖ) ဦးဖိုးထောင်အား ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိသည်။ ကနဦး စစ်ဆေးချက်အရ ရခိုင်တွင် ဖြစ်ပွားနေသည့် ကိစ္စရပ်များအပေါ် မကျေနပ်၍ လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရကာ ဖြစ်စဉ်တွင် ပါဝင်ပတ်သက်သူများကို ရှာဖွေဖမ်းဆီးမိရေး ဆက်လက် ဆောင်ရွက်လျက် ရှိသည်ဟု အစိုးရ သတင်း ထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၁၀ ရက် ည ၁၁း ၅၆ နာရီက သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ဖြစ်စဉ်များနှင့် ပတ်သက်ပြီး တောင်တွင်းကြီးမြီုနယ်မှ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကြည်ညွှန့် က " မြန်မာနိုင်ငံရဲ့ အရေးကြီးတဲ့ အကူးအပြောင်း အချိန်တွေမှာ တိုင်ပင်ကိုက်ဒီလို ဖြစ်နေတယ်ဆိုတာ တိုင်းပြည်ရှေ့ ကိုသွားနေတဲ့ အလားအလားအတွက်ရည်ရွယ်ချက်တစ်ခုခုနဲ့ အနှာင့်အယှက်တွေ ဖြစ်ပေါ်စေနိုင်တဲ့ စိန်ခေါ်မှုတွေကိုရင်ဆိုင်နေရတယ် လို့ပြောရမှာပဲ "  ဟု The Ladies News သို့ သုံးသပ် ပြောကြားသည်။

၂၀၁၂ ခုနှစ် ရခိုင်အရေးအခင်း နောက်ပိုင်းတွင် နေရာဒေသ တစ်ချို့ တွင် ဘာသာရေးနှင့် လူမျိုးရေးဆန်သည့် ပဋိပက္ခများဖြစ်ပွားခဲ့ပြီး မိတ္ထီလာမြို့တွင် နေအိမ်မီးရှို့မှုများ၊ လူသေဆုံးမှု များဖြစ်ခဲ့ရသည့် အထိပြင်းထန်ခဲ့သည်။

Photo Crdး ဇွဲဇာနည်၊ ဥာဏ် လိုင်
အောင်ရဲနောင်
The Ladies News

Vote: 
Average: 1 (1 vote)

Add new comment