မင်းပြားမြို့နယ်ရှိ နေအိမ်ခေါင်မိုးပေါ်တွင် မီးလောင်စေသော လောင်စာ တပ်ဆင်ထားသည့် ကော်ပုလင်းပုံစံ ယမ်းမှုန့်ဘူး (၂) ခု နှင့်ပတ်သက်၍ ဆက်လက်စစ်ဆေးနေ

မင်းပြားမြို့နယ်ရှိ နေအိမ်ခေါင်မိုးပေါ်တွင် တွေ့ရှိခဲ့သည့် မီးလောင် စေသော လောင်စာတပ်ဆင်ထားသည့် ကော်ပုလင်းပုံစံ ယမ်းမှုန့်ဘူး (၂) ခု နှင့်ပတ်သက်၍ ဆက်လက် စစ်ဆေးနေကြောင်း ပြည်ထဲရေးဝန်ကြီး ဌာနက စက်တင်ဘာ ၁၁ ရက်တွင် သတင်းထုတ်ပြန်သည်။
 
မင်းပြားမြို့နယ် ရန်ကုန်-စစ်တွေ ကားလမ်းဘေး သင်္ဂဇာကျေးရွာနေ ဦးညွန့်သာမောင်၊ (၅၃)နှစ်၊ ရခိုင်/ဗုဒ္ဓ၊ လယ်လုပ်၊ (ဘ) ဦးစံကျော်ဦး၏ နေအိမ်(သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း) ခေါင်မိုးပေါ်၌စက်တင်ဘာ ၁၁ ရက် နံနက် ၃ နာရီခန့်က မီးစတစ်ခု တွေ့မြင်ရ၍ ၎င်းကျေးရွာနေ ဌေးဝင်း (၃၀)နှစ်၊ ရခိုင်/ ဗုဒ္ဓ၊ ကျပန်း၊ (ဘ) ဦးကျော်ဝင်းမှ အိမ်ရှင်အား နှိုး၍ကြည့် ရှုခဲ့ပြီး သက်ဆိုင်ရာ သံရှင်ရဲကင်းစခန်းမှူး ရဲအုပ်တင်ရွှေ ဦးစီးအဖွဲ့၊ ရာအိမ်မှူး ဦးလှရွှေစောပါ ပူးပေါင်းအဖွဲ့မှ သွားရောက် စစ်ဆေးကြည့်ရှုခဲ့ ရာ နေအိမ်ခေါင်မိုးအပေါ်တွင် လောင်စာအား မီးလောင်ထားသည့် ပလပ် စတစ်ဘူး(၁)ဘူးနှင့် မီးမလောင်ဘဲ အမျိုးအစားတူ အရှည် (၂)လက်မ ခန့်ရှိ အစိမ်းရောင်နှင့် အနီရောင် တစ်ပိုင်းစီပါရှိပြီး အစိမ်းရောင်အပိုင်း၌ ပုလင်းထိပ်ပိုင်းပုံစံတွင် အပေါက်ဖောက်ကာ မီးလောင်စေသော လောင်စာ တပ်ဆင်ထားသည့် ပလပ်စတစ်ဘူး(၁)ဘူးတို့အား တွေ့ရှိရပြီး အဆိုပါ ဘူး (၂)ဘူးထဲ၌ ယမ်းမှုန့်များ ထည့်ထားသည်ကို တွေ့ရှိရသဖြင့် မင်းပြားမြို့ရှိ နယ်မြေခံတပ်များနှင့် စိစစ် အတည်ပြုရာ မီးလောင်လွယ် အောင် ပြုလုပ်ထားသည့် ပစ္စည်းဖြစ်ကြောင်းသိရှိရ၍ ဆက်လက် စစ်ဆေး လျက်ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
 
ဇော်မင်းထွန်း
The Ladies News
 

 

Vote: 
No votes yet

Add new comment