ရန်ကုန်လေဆိပ်တွင် မြန်မာနိုင်ငံသား တစ်ဦးထံမှ သိန်းငါးထောင် ကျော်တန်ဖိုးရှိ နိုင်ငံခြားငွေများတွေ့ရှိသဖြင့် စိစစ်အရေးယူ

ရန်ကုန်လေဆိပ်၌ စင်ကာပူနိုင်ငံသို့ထွက်ခွာမည့် မြန်မာနိုင်ငံသား တစ်ဦး ထံမှ မြန်မာကျပ်ငွေ သိန်းငါးထောင်ကျော် တန်ဖိုးရှိ နိုင်ငံခြား ငွေများ တွေ့ရှိသဖြင့် အကောက်ခွန်ဌာနမှ သိမ်းဆည်းပြီး ဥပဒေအရ အရေးယူရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
 
စင်ကာပူနိုင်ငံ၊ ချန်ဂီလေဆိပ်သို့ Jetstar လေကြောင်းလိုင်းဖြင့် လိုက်ပါရန် ရန်ကုန်လေဆိပ်သို့ စက်တင်ဘာ ၁၀ ရက်က ရောက်ရှိလာသည့် ခရီးသည် မြန်မာနိုင်ငံသား ဖြိုးသက်အောင်၊ (၃၂)နှစ်၊ ဗမာ/ဗုဒ္ဓ၊ (ဘ)ဦးအောင်ကျော်ဦး၊ ပတ်စ်ပို့အမှတ် MA-564056၊ ရွှေဘိုလမ်း၊ (၂၆)ရပ်ကွက်၊ အောင်ဇေယျအိမ်ရာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်နေသူသည် Terminal-2 ပြည်ပ ထွက်ခွာဆောင် Main X-Ray စက်၌ ၎င်း၏ ခရီးဆောင်အိတ် (၂)လုံးအား စစ်ဆေးခံစဉ် နိုင်ငံခြားငွေ ပုံရိပ်များတွေ့ရှိသဖြင့် ၎င်းအားလုံခြုံရေး ရဲတပ်ဖွဲ့ခွဲ(ရန်ကုန်) ရုံးခန်းသို့ ခေါ်ဆောင် စစ်ဆေးခဲ့ရာ ခရီးဆောင်အိတ် (၂)လုံးအတွင်းမှ အိန္ဒိယ နိုင်ငံသုံး ရူးပီးငွေ (၂,၀၀၀) တန် (၁၃,၀၀၀ ) ရွက်၊ ၎င်း၏ ကျောပိုးအိတ် အတွင်းမှ အမေရိကန်ဒေါ်လာ (၁၀၀)တန် (၂၀)ရွက် စုစုပေါင်း တန်ဖိုး ကျပ် ၅၄၈၇ သိန်းအား တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန က သတင်းထုတ်ပြန်ခဲ့သည်။
 
ဇော်မင်းထွန်း
The Ladies News
 

 

Vote: 
Average: 1 (1 vote)

Add new comment