ဖျာပုံတွင် မီးရှို့နေသည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်ခဲ့ပြီး လူစုလူဝေးများဖြစ် ၊ မြို့လုံခြုံရေးအတွက်အရေးပေါ်အစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီးဖျာပုံမြိုနယ်တွင် စက်တင်ဘာလ ၉ရက်နေ့ နေ့ လယ်က စာသင်ကျောင်းများကို မီးရှို့နေသည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်ပြီးနောက် လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ကြောင်း ဖျာပုံမြို့ အမှတ် ၅ရပ်ကွက်တွင် နေထိုင်သော ကိုဘိုဘိုပိုင်းက The Ladies News သို့ ပြောကြားသည်။

စက်တင်ဘာ ၉ရက်နေ့  နေ့ လယ်ပိုင်း က ဆိုင်ကယ်မောင်းနှင်လာသည့် အမည်မသိလူ တစ်ဦးက ဖျာပုံ အ.ထ.က (၂)ကျောင်းကို မီးရှို့နေသည်ဟု နေသည်ဟု အော်ဟစ်ပြောဆိုသွားရာ လူစုလူဝေးများ ဖြစ်ပေါ်ခဲ့ခြင်း
ဖြစ်သည်ဟု ၄င်းကပြောကြားသည်။

" ဆိုင်ကယ်နဲ့ အော်သွားတာဘယ်သူလဲမသိဘူးဗျ၊ အမှတ် (၂) ကျောင်းနားမှာ မီးလောင်တယ်၊ မီးရှို့ နေတယ်ဆိုပြီး။ အဲဒီတော့ ၀န်းကျင်နားက ကြားလိုက်တဲ့ လူတွေက တုတ်တွေ ဓားတွေဆွဲပြီးထွက်လာတယ်။
နောက် ကလေးမိဘတွေကလည်း သူတို့ကလေးတွေကို စိတ်ပူပြီး လာကြို ကြတယ်။ ရုတ်ရုတ်သဲသဲတော့ ဖြစ်သွားတယ်။ ရဲတွေရောက်လာပြီး
လူတွေကိုထိန်းပြီးပြန်လွတ်လိုက်ရတယ်`ဟု ကိုဘိုဘိုပိုင်းက ပြော ကြားသည်။

ကျောင်းများကို မီးရှို့နေသည်ဆိုသည့် သတင်းပြန့် သွားခြင်းကြောင့် အ.ထ.က ၁၊ အ.ထ.က. ၂၊ အ.ထ.က ၃၊ အ.လ.က ၁ ကျောင်းများရှေ့ တွင် ကျောင်းသားမိဘများ ရောက်ရှိလာပြီး ရုတ်ရုတ်သဲသဲ အခြေအနေ
ဖြစ်သွားကြောင်း နှင့် စိုးရိမ်နေသည့် လူအုပ်သည်မီးသတ်ဌာနရှေ့ သို့ရောက်လာက မီးလောင်နေကြောင်း အကြောင်းကြားသဖြင့် မီးသတ်ကားများပါ ရောက်လာသည်ဟု ဖျာပုံမြို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်
ဦးဇေယျာမင်းသိမ်းက The Ladies News သို့ပြာကြားသည်။

" ကျောင်းတွေကိုမီးရှို့နေတယ်ဆိုပြီးသတင်းပြန့် သွားတာပေါ့။ ဘယ်သူကနေဘယ်လိုဖွလိုက်လည်းတော့မသိဘူး။ အဲဒါတော့စုံစမ်းဆဲပေါ့။
သတင်းအရင်းအမြစ်ကို လိုက်နေတုန်းပေါ့။ အမှတ် ၂၊ အမှတ် ၃၊ အမှတ် ၁၊ အ.လ.က ၁ ကျောင်းတွေမှာ မိဘတွေ စိုးရိမ်စိတ်နဲ့  ရုတ်ရုတ်သဲသဲဖြစ်သွားတယ်ပေါ့။ မီးလောင်နေလို့ဆိုပြီး လူအုပ်ကနေပြီးတော့ မီးသတ်ဌာနရှေ့ ကိုလည်း လာအော်ကြတာပေါ့။ အဲဒါနဲ့ မီးသတ်ကားတွေပါ ရောက်လာတဲ့ အခြေအနေဖြစ်တာပေါ့။ တစ်ကယ့်တကယ်ကျတော့ ဘာမှ မဖြစ်ဘူး။
ဒီပေါ်မှာတော့ တည်ငြိမ်အေးချမ်းမှုကို အနှောင့်အယှက်ပေးချင်တယ် ဆိုတဲ့သဘောရှိတာပေါ့ " ဟု ဦးဇေယျာမင်းသိမ်းက ပြောသည်။

ထိုကဲ့ သို့လူစုလူဝေးဖြစ်ပွားဖြစ်ပွားပြီးနောက် ဖျာပုံမြို့ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်ဦးဝင်းထွဋ်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဇယျာမင်းသိမ်း၊ ခရိုင်အုပ်ချုပ်ရေးမှူး၊ မြိုနယ်အုပ်ချုပ်ရေးမှူး ၊ ခရိုင်ရဲမှူး၊ မြိုံနယ် ရဲမှူး တို့က မြို့လုံခြုံရေးအတွက် အရေးပေါ် အစည်းအဝေး တစ်ရပ်လည်း ပြုလုပ်ခဲ့သည် ဟု ၄င်းပြောကြားသည်။

" ဖြစ်ပြီးတော့ ကျွန်တော်တို့ လုံခြုံရေးအစည်းအဝေးလုပ်တယ်၊ ကျွန်တော်ပါတယ်၊ ပြည်သူလွှတ်တော်ကိုယ်စားလှယ် ဦးဝင်းထွဋ်ပါတယ်၊ ခရိုင်အုပ်ချုပ်ရေးမှူးပါတယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးပါတယ်၊ ခရိုင်ရဲမှူး၊ မြို့နယ်ရဲမှူး၊
စခန်းမှူး၊ ဌာနစုံရယ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေပါတယ်၊ လုံခြုံရေးအစီအမံတွေပေါ့၊ဘာတွေဆောင်ရွက်ကြမယ်၊ ဘာတွေကြိုတင်ကာကွယ်ကြမယ်ပေါ့။ တစ်ခုခုဖြစ်တယ်ဆိုရင် ဒီအဖြစ်ပျက်ကို တိတိကျကျပြောနိုင်တဲ့ အနေအထားမျိုး ဖြေရှင်းနိုင်တဲ့ အနေအထားမျိုး အာဏာပိုင်မှာ ရှိရမယ်လေ။
အဲဒီအတွက် မှန်မှန်ကန်ကန်မေးမြန်းလို့ရမဲ့နေရာ ဆက်သွယ်ရမယ့်ဖုန်းနံပါတ် ဒီဟာတွေစီစဉ်ပါတယ်။ ပြဿနာဆိုတာက ဒေသစုံမှာ အကြာင်းအရာမျိုးစုံနဲ့ ပေါ်ပေါက်နိုင်တယ်။ ကြိုတင်ကာကွယ်မှုအပိုင်းကတော့ လုပ်တာတော့မှန်တယ်။ ဒါပေမယ့် လုံခြုံရေးရဲ့ လူအင်အားအနေနဲ့ အခက်အခဲရှိမယ်။ လက်နက်ကိုင်ဆောင်တာနဲ့ပတ်သက်ပြီး ဥပဒေနဲ့ မညီဘူးဆိုတဲ့ အကျိုးအကြောင်းတွေကိုလည်း ရပ်ကွက်ထဲမှာ လော်စပီကာနဲ့ လိုက်ပြောထားတယ်၊ အဲလိုမျိုးတွေတော့ဆောင်ရွက်ထားပါတယ်။ လတ်တလေကတော့
တည်ငြိမ်နေပါတယ်` ဟု ဦးဇေယျာမင်းသိမ်းကပြောကြားသည်။

အကြမ်းဖက်တိုက်ခိုက်မှုသတင်းများကို အကြောင်းပြု၍ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ၊ အဓိကရုဏ်းများဖန်တီးလာနိုင်သည့် အခြေအနေများကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားနိုင်သည့် အလားအလာများကို
အထူးဂရုပြုရန် အရေးကြီးကြောင်း အစိုးရ သတင်းထုတ်ပြန်ရေးကော်မတီက စက်တင်ဘာ ၅ရက်ရက်စွဲဖြင့် သတင်းထုတ်ပြန်ထားသည်။

Photo Crdး The Pyapon Globalization New & Moe Min

အောင်ရဲနောင်
The Ladies News

 

Vote: 
No votes yet

Add new comment