ကချင်ပြည်နယ်၊ ဖားကန့်- မိုးကောင်း ကားလမ်းမဘေးတွင် လက်လုပ်မိုင်းနှစ်လုံး တွေ့ရှိ

ကချင်ပြည်နယ် ဖားကန့်မြို့နယ် ကပ်မှော်ဇွပ်ကျေးရွာအုပ်စု ဂေါ့လူယန် ကျေးရွာအနီး ဖားကန့်-မိုးကောင်း ကားလမ်းမဘေး ဝဲယာ၌ ရွာသူရွာသား များက ချုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင် ရှင်းလင်းစဉ် ဒေသန္တရ လက်လုပ်မိုင်းနှစ်လုံးကို တွေ့ရှိခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ဖြစ်စဉ်မှာ စက်တင်ဘာ ၉ ရက် နံနက် ၉ နာရီခန့်က ဖားကန့်မြို့နယ် ကပ်မှော်ဇွပ်ကျေးရွာ အုပ်စု ဂေါ့လူယန်ကျေးရွာ အနီး ဖားကန့်-မိုးကောင်း ကားလမ်းမဘေးဝဲယာ၌ ရှုပ်ထွေးနေသော ချုံနွယ်ပိတ်ပေါင်းများကို ရွာသူရွာသားများက ခုတ်ထွင်ရှင်းလင်းကြရာ လမ်း၏မြောက်ဘက်ခြမ်း၌ အချင်းငါးလက်မခန့် စလင်ဒါပုံစံအင်ဂျင်ဘူးခွံနှင့် အချင်း ငါးလက်မခန့် စလင်ဒါပုံစံ အင်ဂျင်စလစ်တို့ဖြင့် ပြုလုပ်ထားသည့် ဒေသန္တရ လက်လုပ် မိုင်းနှစ်လုံးကို တွေ့ရှိခဲ့သဖြင့် ကာမိုင်းမြို့ အုပ်ချုပ်ရေးမှူးမှတစ်ဆင့် သက်ဆိုင်ရာသို့ သတင်းပေးပို့နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လက်လုပ်မိုင်းနှစ်လုံး တွေ့ရှိသည့်နေရာသို့ ဗိုလ်မှူးဟန်ဖြိုးဝေ ဦးစီးသောအဖွဲ့က သွားရောက် လမ်းခေတ္တပိတ်ကာ မိုင်းရှင်းလင်း ဆောင်ရွက်ခဲ့ပြီး ဘေးအန္တရာယ် ကင်းရှင်းမှသာ အဆိုပါလမ်းပိုင်းကို ပြန်လည်ဖွင့်ခဲ့ကြောင်း သိရသည်။

The Ladies News

 

Vote: 
No votes yet

Add new comment